Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 41:19

Judson Bible

တော၌ အာ​ရဇ်​ပင်၊ အ​ကာ​ရှ​ပင်၊ မု​ရ​တု​ပင်၊ သံ​လွင်​ပင်​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ ထင်း​ရှူး​ပင်၊ တ​ဒေ​ရ​ပင်၊ တာ​ရှု​ရ​ပင်​များ​ကို​လည်း​ကောင်း ရော​နှော​လျက် စိုက်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

နောင်​ကာ​လ၌ ယာ​ကုပ်​သည် အ​မြစ်​ကျ​လိမ့်​မည်။ ဣ​သ​ရေ​လ​သည် စိမ်း​လန်း၍ အ​ဖူး​အ​ငုံ​ထွက်​သ​ဖြင့်၊ လော​ကီ​နိုင်​ငံ​ကို အ​သီး​နှင့် ပြည့်​စေ​လိမ့်​မည်။

ဝိ​ညာဉ်​တော်​သည် ကောင်း​ကင်​မှ ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း၍၊ တော​သည် အ​သီး​အ​နှံ​များ​သော လယ်​ဖြစ်၍၊ အ​သီး​အ​နှံ​များ​သော​လယ်​သည် တော​အုပ်​ကဲ့​သို့ မှတ်​ရ​သော​ကာ​လ မ​ရောက်​မီ​တိုင်​အောင်၊ ထို​သို့ ဖြစ်​ကြ​လိမ့်​မည်။

တော​နှင့် လွင်​ပြင်​သည် ဝမ်း​မြောက်​လိမ့်​မည်။ ဆိတ်​ညံ​သော အ​ရပ်​သည်​လည်း ရွှင်​လန်း၍၊ နှင်း​ပွင့်​ကဲ့​သို့ အ​ပွင့်​ပွင့်​လိမ့်​မည်။

ကြည့်​ရှု​လော့။ အ​မှု​သစ်​ကို​ငါ​ပြု​မည်။ ယ​ခု​ပေါ်​လာ​လိမ့်​မည်။ သင်​တို့​သည် အ​မှန် သိ​မြင်​ရ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် တော၌ လမ်း​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ စီး​သော​ရေ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း​မည်။

ထို​သို့​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို ချမ်း​သာ​ပေး​တော်​မူ​မည်။ သူ၏​ဆိတ်​ညံ​ရာ အ​ရပ်​အ​လုံး​စုံ​တို့​ကို ချမ်း​သာ​ပေး​မည်။ သူ၏​တော​ကို ဧ​ဒင်​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​လွင်​ပြင်​ကို ထာ​ဝ​ရ​ဘု​ရား၏ ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ ဇိ​အုန်​မြို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့် ပြည့်​စုံ​လိမ့်​မည်။

အ​မျိုး​မျိုး​သော ဆူး​ပင်​အ​ရာ၌ ထင်း​ရှူး​ပင်​နှင့် မု​ရ​တု​ပင်​တို့​သည် ပေါက်​ကြ​လိမ့်​မည်။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အောက်​မေ့​ဖို့​ရာ၊ မ​ပျောက်​မ​ပျက်​ရ​သော ထာ​ဝ​ရ​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။

ငါ၏ သန့်​ရှင်း​ရာ​ဌာ​န​ကို တင့်​တယ်​စေ​ခြင်း​ငှာ၊ လေ​ဗ​နုန်​ဘုန်း​နှင့်​တ​ကွ ထင်း​ရှူး​ပင်၊ တ​ဒေ​ရ​ပင်၊ တာ​ရှု​ရ​ပင်​တို့​သည် သင့်​ထံ​သို့ တ​ညီ​တ​ညွတ်​တည်း ရောက်​လာ​ကြ​လိမ့်​မည်။ ငါ​သည် ငါ၏​ခြေ​တင်​ရာ​အ​ရပ်​ကို ဘုန်း​ပွင့်​စေ​မည်။

သင်၏​လူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်၍၊ ပြည်​တော်​ကို အ​စဉ်​အ​မြဲ အ​မွေ​ခံ​သ​ဖြင့်၊ ငါ၏​ဘုန်း​ပွင့်​စေ​ခြင်း​ငှာ၊ ငါ့​ကိုယ်​တိုင်​စိုက်၍ ပြု​စု​သော​ပျိုး​ပင် ဖြစ်​ရ​ကြ​လိမ့်​မည်။

မြေ​ကြီး​သည် အ​ပင်​ကို ပေါက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ လယ်​ယာ​သည်​မိ​မိ​၌​စိုက်​သော​မျိုး​စေ့​ကို အ​ညှောက်​ထွက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​အ​တူ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​လူ​မျိုး​ရှေ့​မှာ၊ ဖြောင့်​မတ်​ခြင်း​နှင့် ချီး​မွမ်း​ခြင်း​ကို ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။

စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

မြစ်​ကမ်း​နား​နှစ်​ဖက်၌ စား​စ​ရာ​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ အ​ရွက်​လည်း မ​ညှိုး​မ​နွမ်း​ရ။ အ​သီး​လည်း မ​ပြတ်​ရ။ လ​တိုင်း​အ​စဉ် နု​သော​အ​သီး​ကို သီး​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က​ထွက်​သ​တည်း။ အ​သီး​သည် စား​စ​ရာ​ဖို့​ဖြစ်၏။ အ​ရွက်​သည် အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်​သည်​ဟု ငါ့​အား​ပြော​ဆို၏။

ငါ​သည် နောက်​တစ်​ဖန် ရုပ်​တု​ဆင်း​တု​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​ရ​သ​နည်း​ဟု ဧ​ဖ​ရိမ်​သည် ပြော​လိမ့်​မည်။ သူ၏​စ​ကား​ကို​လည်း ငါ​နား​ထောင်၍ သူ့​ကို ကြည့်​ရှု​မည်။ စိမ်း​သော​ထင်း​ရှူး​ပင်​ကဲ့​သို့ ဖြစ်၍၊ သင်​သည် ငါ့​ကျေး​ဇူး​ကြောင့် အ​သီး​နှင့် ပြည့်​စုံ​လိမ့်​မည်။

ည​အ​ခါ​မြင်​ရ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မြင်း​နီ​ကို စီး​သော လူ​တစ်​ဦး​သည် ထင်​ရှား၍ ချိုင့်​တွင်​ရှိ​သော မု​ရ​တု​တော၌ ရပ်၏။ သူ့​နောက်​မှာ နီ​သော​မြင်း၊ ညို​သော​မြင်း၊ ဖြူ​သော​မြင်း​တို့​သည် ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ