Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 39:7

Judson Bible

သင်​နှင့်​နွယ်၍​ရ​သော သင်၏​သား​မြေး​တို့​ကို​လည်း​ယူ​သွား၍၊ သူ​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​နန်း​တော်၌၊ လူပျိုတော် လုပ်​ရ​ကြ​လိမ့်​မည်​ဟု ဟေ​ဇ​ကိ​မင်း​အား ပြော​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ၌ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ၏ ကျွန်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​စစ်​ချီ၍ ဝိုင်း​ထား​ကြ၏။

ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​သည် မယ်​တော်​မှ​စ​သော ကျွန်၊ မှူး​မတ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့​ထွက်၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် နန်း​စံ​ရှစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ကို​ရ၏။

ယေ​ခေါ​နိ​နှင့် မယ်​တော်​အ​စ​ရှိ​သော မိ​ဖု​ရား​များ၊ အ​ရာ​ရှိ​များ၊ အား​ကြီး​သော ပြည်​သား​များ​အ​ပေါင်း၊

အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ ဗိုလ်​မင်း​များ​ကို စစ်​ချီ​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် မ​နာ​ရှေ​ကို ဆူး​တော၌​ဖမ်း​မိ၍၊ သံ​ကြိုး​နှင့် ချည်​နှောင်​ပြီး​မှ၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​ကြ၏။

နှစ်​လည်​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် စစ်​ချီ​စေ၍၊ ထို​မင်း​နှင့်​တ​ကွ ကောင်း​မွန်​သော ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၍၊ ဘ​ထွေး​တော်​ဇေ​ဒ​ကိ​ကို၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​ပေါ်​မှာ တင်​လေ၏။

ဓား​ဘေး​နှင့် လွတ်​သော​သူ​တို့​ကို၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား၍၊ သူ​တို့​သည် ပေ​ရ​သိ​နိုင်​ငံ မ​တည်​မီ​တိုင်​အောင် ရှင်​ဘု​ရင်​ထံ၊ သား​တော်​မြေး​တော်​ထံ၌ ကျွန်​ခံ​လျက်​နေ​ရ​ကြ၏။

ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ