Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 39:6

Judson Bible

နန်း​တော်၌ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင် ဘိုး​ဘေး​တို့​သည် ဆည်း​ပူး​သ​မျှ​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ရ​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ဖူး​သည်​အ​တိုင်း ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၍၊ ဗိ​မာန်​တော်​အ​ဖို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လုပ်​သော ရွှေ​တန်​ဆာ​အ​လုံး​စုံ​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လေ၏။

နှစ်​လည်​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် စစ်​ချီ​စေ၍၊ ထို​မင်း​နှင့်​တ​ကွ ကောင်း​မွန်​သော ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၍၊ ဘ​ထွေး​တော်​ဇေ​ဒ​ကိ​ကို၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​ပေါ်​မှာ တင်​လေ၏။

ဗိ​မာန်​တော်​တန်​ဆာ အ​ကြီး​အ​ငယ် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​ဘ​ဏ္ဍာ၊ နန်း​တော်​ဘ​ဏ္ဍာ၊ မှူး​မတ်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၏။

ဤ​မြို့၏ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ လုပ်​ဆောင်၍ ရ​သ​မျှ​သော​ဥ​စ္စာ​ကို​လည်း​ကောင်း၊ ဆည်း​ပူး​သ​မျှ​သော ရ​တ​နာ​ကို​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​တော်​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ရန်​သူ​လက်​သို့​ငါ​အပ်​သ​ဖြင့်၊ ရန်​သူ​တို့​သည် လု​ယက်၍ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ကြ​လိမ့်​မည်။

သင့်​အ​ဝတ်​ကို​လည်း ချွတ်၍၊ တင့်​တယ်​သော​တန်​ဆာ​တို့​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မှ​စ၍ ဗိ​မာန်​တော်​တန်​ဆာ​အ​ချို့​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​နှံ​တော်​မူ၍၊ ထို​တန်​ဆာ​များ​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ရှိ​နာ​ပြည်၌​ရှိ​သော မိ​မိ​ဘု​ရား၏​ကျောင်း​သို့ ယူ​သွား​ပြီး​လျှင်၊ ရွှေ​တိုက်၌ သွင်း​ထား​တော်​မူ၏။

ထို​အ​ခါ ရှင်​ဘု​ရင်​သည် မိန်း​မ​စိုး​အုပ် အာ​ရှ​ပေ​နတ်​ကို​ခေါ်​တော်​မူ၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ