Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 38:5

Judson Bible

သင်​သည် ဟေ​ဇ​ကိ​မင်း​ထံ​သို့ သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏ ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏ မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​သက်၌ တစ်​ဆယ်​ငါး​နှစ်​ကို ငါ​ဆက်၍ ပေး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း ဒါ​ဝိဒ်၏​မျက်​နှာ​ကို​ထောက်၍၊ သူ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဆွေ​တော်​မျိုး​တော်​ကို ချီး​မြှောက်၍၊ ယေ​ရု​ရှ​လင်​မြို့​ကို တည်​စေ​သ​ဖြင့်၊ ထို​မြို့၌ ဒါ​ဝိဒ်၏​မီး​ခွက်​ကို ထွန်း​လင်း​စေ​တော်​မူ၏။

အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်​သည် ငါ့​ရှေ့​မှာ​ကျင့်​သ​ကဲ့​သို့ သင်၏​သား​မြေး​တို့​သည် ငါ့​ရှေ့​မှာ ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​သွား​ရာ​လမ်း​ကို​သ​တိ​ပြု​လျှင်၊ ငါ့​မျက်​မှောက်၌ ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌ ထား​တော်​မူ​သော က​တိ​တော်​ကို ယ​ခု​စောင့်​တော်​မူ​ပါ။

ဟေ​ဇ​ကိ​မင်း​ကြီး နန်း​စံ​ဆယ်​လေး​နှစ်​တွင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ်​သည် ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့​ကို စစ်​ချီ၍ လုပ်​ကြံ​လေ၏။

ယု​ဒ​ရှင်​ဘု​ရင် အာ​ခတ်​သား ဟေ​ဇ​ကိ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​ဆယ်​ကိုး​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဇာ​ခ​ရိ​သ​မီး အာ​ဘိ​အ​မည်​ရှိ၏။

ထို​အ​ခါ အာ​မုတ်​သား​ဟေ​ရှာ​ယ​သည် ဟေ​ဇ​ကိ​မင်း​ထံ​သို့ စေ​လွှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ်​အ​ကြောင်း​ကြောင့် ငါ့​ရှေ့​မှာ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ရ​ပြီ။

အ​သက်​တော်​ငယ်​စဉ်၊ နန်း​စံ​ရှစ်​နှစ်​တွင်၊ အ​ဘ​ဒါ​ဝိဒ်၏​ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်​စ​ပြု၏။ တစ်​ဆယ်​နှစ်​နှစ်​တွင် ယု​ဒ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော​ကုန်း၊ အာ​ရှ​ရ​ပင်၊ ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​တို့​ကို သုတ်​သင်​ပယ်​ရှင်း​စ ပြု၏။

လူ၏​နေ့​ရက်​တို့​ကို မှတ်​သား၍၊ သူ​နေ​ရ​သော လ​အ​ရေ​အ​တွက်​ကို ကိုယ်​တော်​သည်​သိ​သ​ဖြင့်၊ သူ​မ​လွန်​နိုင်​သော အ​ပိုင်း​အ​ခြား​ကို ထား​တော်​မူ​သော​ကြောင့်၊

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​သန့်​ရှင်း​သူ​တို့၏ သေ​ခြင်း​အ​ရာ​သည် အ​ဖိုး​ကြီး​လှ၏။

စိတ်​ကြေ​မွ​သော​သူ​တို့​ကို နှစ်​သိမ့်​စေ၍၊ သူ​တို့၏​အ​နာ​ကို ကု​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆု​တောင်း​ခြင်း​ပ​တ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ အ​ကျွန်ုပ် အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​ရည်​ကို ကြည့်၍ နေ​တော်​မ​မူ​ပါ​နှင့်။ ဘိုး​ဘေး​အ​ပေါင်း​တို့​သည် ဖြစ်​ဖူး​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၏။

အ​ကျွန်ုပ်​သည် အ​ရပ်​ရပ်​လည်​ရ​သော အ​ခြင်း​အ​ရာ​တို့​ကို ကိုယ်​တော်​မှတ်၍ အ​ကျွန်ုပ်​မျက်​ရည်​တို့​ကို ဘူး​တော်​ထဲ​မှာ ထည့်​တော်​မူ​ပါ။ စာ​ရင်း​တော်၌​ရှိ​ပါ​သည် မ​ဟုတ်​လော။

ငါ​တောင်း​ပန်​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ၏။ ငါ​ပြု​သော​ပ​တ္ထ​နာ​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား နာ​ယူ​တော်​မူ၏။

သတ်​ရ​သော​အ​ချိန်​နှင့် အ​နာ​ပျောက်​စေ​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖြို​ဖျက်​ရ​သော​အ​ချိန်​နှင့် တည်​ဆောက်​ရ​သော အ​ချိန်​လည်း​ရှိ၏။

ထို​အ​ခါ အာ​မုတ်​သား ဟေ​ရှာ​ယ​သည် ဟေ​ဇ​ကိ​မင်း​ထံ​သို့ စေ​လွှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ် အ​ကြောင်း​ကြောင့်၊ ငါ့​ရှေ့​မှာ ပ​တ္ထ​နာ​ပြု​သည်​ဖြစ်၍၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဟေ​ရှာ​ယ​သို့​ရောက်၍၊

အ​ကျွန်ုပ်​ခေါ်​သံ​ကို ကြား​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ညည်း​တွား​အော်​ဟစ်​သော​အ​ခါ နား​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။

ထို​မှ​တစ်​ပါး သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​ရာ​မှာ၊ ဘု​ရား​သ​ခင်​က၊ ငါ​သည် အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟု သင်​တို့​အား​မိန့်​မြွက်​တော်​မူ​ကြောင်း​ကို သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။ ဘု​ရား​သ​ခင်​သည် သေ​နေ​သော​သူ​တို့၏ ဘု​ရား​မ​ဟုတ်၊ အ​သက်​ရှင်​သော​သူ​တို့၏ ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။-

ကောင်း​ကင်​တ​မန်​က​လည်း၊ ဇာ​ခ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​ပြု​သော​ပ​တ္ထ​နာ​ကို နား​ခံ​တော်​မူ​ပြီ။ သင်၏​ခင်​ပွန်း​ဧ​လိ​ရှ​ဗက်​သည် သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယော​ဟန်​အ​မည်​ဖြင့် မှည့်​ရ​မည်။-

ပေါ​လု၊ သင်​သည် မ​စိုး​ရိမ်​နှင့်။ ကဲ​သာ​ဘု​ရင်​ရှေ့​သို့ ရောက်​ရ​မည်။ သင်​နှင့်​အ​တူ ပင်​လယ်​ကူး​သော သူ​အ​ပေါင်း​တို့​ကို ဘု​ရား​သ​ခင်​သည် သင့်​အား​ပေး​တော်​မူ​ပြီ​ဟု ဆို၏။-

သို့​သော်​လည်း နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​ကို သက်​သာ​စေ​တော်​မူ​တတ်​သော ဘု​ရား​သ​ခင်​သည်၊ တိ​တု​ရောက်​လာ​သော​အား​ဖြင့် ငါ​တို့​ကို သက်​သာ​စေ​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ပ​လ္လင်​တော်​အ​တွင်း၌ ရှိ​သော သိုး​သ​ငယ်​သည် သူ​တို့​ကို​လုပ်​ကျွေး၍၊ အ​သက်​စမ်း​ရေ​တွင်း​သို့ လမ်း​ပြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သူ​တို့​မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော် မူ​မည်​ဟု ဆို​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ