Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 38:2

Judson Bible

ဟေ​ဇ​ကိ​မင်း​သည်​လည်း ထ​ရံ​သို့​မျက်​နှာ​လှည့်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော စိတ်​နှ​လုံး​နှင့်​ကျင့်၍၊ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကျွန်​မှ​စ၍ ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​သော​အ​ခါ၊ ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။

အ​မှု​ရောက်​သည်​ကာ​လ၌ ငါ့​ကို​ပ​တ္ထ​နာ​ပြု​လော့။ ငါ​သည် ကယ်​လွှတ်​မည်။ သင်​သည်​လည်း ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သူ​သည် ငါ့​ကို​ခေါ်​သော​အ​ခါ ငါ​ထူး​မည်။ ဒု​က္ခ​ခံ​ရ​သော​အ​ခါ သူ့​ဘက်​မှာ​ငါ​နေ၍ ချမ်း​သာ​ပေး​မည်။ သူ၏​ဘုန်း​ကို​လည်း ထင်​ရှား​စေ​မည်။

ထို​ကာ​လ​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် သေ​နာ​စွဲ​သ​ဖြင့်၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် လာ၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​အိမ်​အ​မှု​ကို​စီ​ရင်​လော့။ သင်​သည် အ​သက်​မ​ရှင်၊ သေ​ရ​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။

သင်​သည် ဆု​တောင်း​သော​အ​ခါ ဆိတ်​ညံ​ရာ​အ​ခန်း​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ၊ မ​ထင်​ရှား​သော​အ​ရပ်၌ ရှိ​တော်​မူ​သော သင်၏​အ​ဘ​ကို ဆု​တောင်း​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ