အကယ်စင်စစ် မရဏနိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်းမဆိုရပါ။ တွင်းထဲသို့ ဆင်းသောသူသည် သစ္စာတော်ကို မမျှော်လင့်ရပါ။
အကျွန်ုပ်၏ကျောက်ဖြစ်တော်မူသော ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲနေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူကဲ့သို့ ဖြစ်ရပါမည်။
သင်္ချိုင်းတွင်းထဲသို့ဆင်းလျှင် အဘယ်အကျိုးရှိပါအံ့နည်း။
အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ်တော်ကို အောက်မေ့ခြင်းမရှိပါ။ မရဏာနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။
အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညလုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။
မတရားသောသူသည် မတရားသဖြင့် ပြုစဉ်အခါ၊ လှဲခြင်းကိုခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မျှော်လင့်စရာရှိ၏။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။
ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသောသူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ဆင်းသက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှပယ်ရှင်းခြင်းကို ခံရကြ၏။
ထိုသူတို့သည် ထာဝရအပြစ်ဒဏ် ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သော သူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားရကြလတ္တံ့ဟု မိန့်တော်မူ၏။
နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချခြင်းကို ခံရကြလတ္တံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊-