Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 38:16

Judson Bible

အို ဘု​ရား​ရှင်၊ ထို​သို့​သော​အား​ဖြင့် အ​သက်​ရှင်​ရ​ပါ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့၌ အ​ကျွန်ုပ်​ဝိ​ညာဉ်၏ အ​သက်​တည်​ရ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ရှင်​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်၏​အ​သက်​သည် မြေ​မှုန့်၌ မှီ​ဝဲ​လျက်​ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။

အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​သော ကျေး​ဇူး​သည် ကြီး​ပါ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချက်​တို့​သည် ဟုတ်​မှန်​ကြောင်း​ကို​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို ဆင်း​ရဲ​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​သိ​ပါ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏနိုင်​ငံ​ထဲ​က နုတ်​ယူ​တော်​မူ​ပြီ။ သင်္ချိုင်း​တွင်း​ထဲ​သို့​မ​ဆင်း​စေ​ဘဲ၊ အ​ကျွန်ုပ်​ကို အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ပြီ။

အ​ကျွန်ုပ်​သည် ရွေ့​သွား၍​မ​ပျောက်​မီ​တွင် သက်​သာ​ရ​မည်​အ​ကြောင်း၊ မျက်​နှာ​လွှဲ​တော်​မူ​ပါ။

ကြီး​မား​ကြမ်း​တမ်း​သော​ဘေး​များ​ကို အ​ကျွန်ုပ်​အား​ပြ​တော်​မူ​ပြီ။ တစ်​ဖန် အ​သက်​ကို​ချမ်း​သာ​ပေး၍၊ မြေ​ကြီး​နက်​နဲ​ရာ​ထဲ​က တစ်​ဖန်​ထ​မြောက်​စေ​တော်​မူ​မည်။

ဝမ်း​မြောက်​သော​စိတ်​နှင့် ဖြောင့်​မတ်​စွာ ကျင့်​သော​သူ၊ တ​ရား​တော်​လမ်း​တို့၌ ကိုယ်​တော်​ကို အောက်​မေ့​သော​သူ​တို့​နှင့် ကိုယ်​တော်​သည် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ၏။ ထို​လမ်း​တို့​မှ အ​ကျွန်ုပ်​တို့​သည် အ​စဉ်​လွှဲ​တတ်​သော​ကြောင့် အ​မျက်​ထွက်​တော်​မူ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​မည်​လော။

ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​မည် မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။-

စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​သော​အ​ခါ၊ လော​ကီ​သား​တို့​နှင့်​အ​တူ အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။-

အ​ကြောင်း​မူ​ကား၊ မျက်​မှောက်၌​ထင်​ရှား​သော အ​ရာ​တို့​သည် ခ​ဏ​သာ​တည်၍ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် အ​စဉ်​အ​မြဲ​တည်​ကြောင်း​ကို ငါ​တို့​သည် ထောက်​လျက်၊ ထင်​ရှား​သော အ​ရာ​တို့​ကို မ​ကြည့်​မ​မှတ်​ဘဲ မ​ထင်​ရှား​သော​အ​ရာ​တို့​ကို ကြည့်​မှတ်​ကြ​စဉ်​အ​ခါ၊ ယ​ခု​ခ​ဏ​ခံ​ရ၍ ပေါ့​ပါး​သော ဆင်း​ရဲ​ခြင်း​ဒု​က္ခ​သည် အ​တိုင်း​ထက်​အ​လွန် ကြီး​မြတ်​လေး​လံ​သော နိ​စ္စ​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​ဖို့ ဖြစ်​စေ​တတ်၏။

ထို​သို့ သင့်​ကို​နှိမ့်​ချ၍ အ​ငတ်​အ​မွတ်​ခံ​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် ကိုယ်​တိုင်​မ​သိ၊ သင်၏​ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် ကျွေး​မွေး​တော်​မူ​သ​ဖြင့်၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​မွေး​ရ​သည်​ကို သိ​စေ​တော်​မူ၏။

တစ်​နည်း​ကား၊ ကိုယ်​ကာ​ယ​နှင့်​စပ်​ဆိုင်​သော အ​ဘ​တို့​လက်​ဖြင့် ငါ​တို့​သည် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ရို​သေ​ကြ၏။ ထို​မျှ​မ​က၊ စိတ်​ဝိ​ညာဉ်​တို့၏ အ​ဘ​အ​လို​သို့​လိုက်၍၊ အ​သက်​ချမ်း​သာ​ရ​ကြ​မည် မ​ဟုတ်​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ