Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 36:9

Judson Bible

သင်​သည် ငါ့​သ​ခင်၏​ကျွန်​တို့​တွင် အ​ငယ်​ဆုံး​သော​ဗိုလ်​ကို အ​ဘယ်​သို့ လှန်​နိုင်​မည်​နည်း။ အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို​ရ​မည်​ဟု ယုံ​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ငါ့​သ​ခင်၏​ကျွန်​တို့​တွင် အ​ငယ်​ဆုံး​သော​ဗိုလ်​ကို အ​ဘယ်​သို့ လှန်​နိုင်​မည်​နည်း။ အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို​ရ​မည်​ဟု ယုံ​ပါ​သည်​တ​ကား။

အ​ကြောင်း​မူ​ကား၊ ရှု​ရိ​လူ​တို့​သည် ရ​ထား​စီး​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ၊ များ​စွာ​သော ဗိုလ်​ခြေ​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့် သူ​တို့​က ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ငါ​တို့​ကို​တိုက်​စေ​ခြင်း​ငှာ၊ ဟိ​တ္တိ​မင်း​များ၊ အဲ​ဂု​တ္တု​မင်း​များ​တို့​ကို ငှား​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ဆို​လျက်၊

စစ်​တိုက်​ရာ​ကာ​လ​အ​ဖို့ မြင်း​များ​ကို​ပြင်​ဆင်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ၏။

သူ​သည် အ​ဘယ်​သို့​ဆို​သ​နည်း​ဟူ​မူ​ကား၊ ငါ၏​မှူး​မတ်​တို့​သည် မင်း​ကြီး​ဖြစ်​ကြ​သည် မ​ဟုတ်​လော။

အာ​ဇုတ်​မြို့​သား​တို့​သည် ကြောက်​ကြ​လိမ့်​မည်။ သူ​တို့​ကိုး​စား​သော ကု​ရှ​ပြည်​ကို​လည်း​ကောင်း၊ ဝါ​ကြွား​သော အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း ရှက်​ကြ​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်​သည် အ​ချည်း​နှီး​သက်​သက်၊ အ​ကျိုး​မ​ပေး​နိုင်။ ထို​ကြောင့်၊ မ​လှုပ်​ဘဲ​နေ​တတ်​သော ရာ​ခပ်​ဟု ငါ​သ​မုတ်​ပေ၏။

အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် ဘု​ရား​မ​ဖြစ်၊ လူ​သက်​သက် ဖြစ်​ကြ၏။ သူ​တို့​မြင်း​သည်​လည်း ဝိ​ညာဉ်​မ​ဖြစ်၊ အ​သား​သက်​သက် ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ဆန့်​တော်​မူ​သော​အ​ခါ၊ မ​စ​တတ်​သော​သူ​သည် လဲ​လိမ့်​မည်။ မ​စ​အပ်​သော​သူ​လည်း ဆုံး​လိ​မ့်​မည်။ အ​လုံး​စုံ​တို့​သည် အ​တူ​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

ကျိုး​သော ကျူ​လုံး​တောင်​ဝှေး​တည်း​ဟူ​သော အဲ​ဂု​တ္တု​ပြည်​ကို ကိုး​စား​ပါ​သည်​တ​ကား။ ထို​ကျူ​လုံး​သည် မှီ​သော​သူ၏​လက်​ကို​ဖောက်၍ လျှို​သွား​လိမ့်​မည်။ ထို​သို့ အဲ​ဂု​တ္တု​မင်း​ကြီး ဖာ​ရော​ဘု​ရင်​သည် မိ​မိ၌​မှီ​သော​သူ အ​ပေါင်း​တို့​ကို ပြု​လိမ့်​မည်။

သို့​ဖြစ်၍၊ ယ​ခု​တွင် ငါ့​သ​ခင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၌ အာ​မ​ခံ​တို့​ကို​အပ်​ပါ​လော့။ သင်၌ မြင်း​စီး​သူ​ရဲ​လုံ​လောက်​အောင်​ရှိ​လျှင်၊ မြင်း​နှစ်​ထောင်​တို့​ကို ငါ​ပေး​မည်။

သင်​သည် အ​ရပ်​ရပ်​သို့ ပြောင်း​လဲ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ဤ​မျှ​လောက်​လှည့်​လည်​သ​နည်း။ အာ​ရှု​ရိ​ပြည်​ကို ရှက်​ကြောက်​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ပြည်​ကို ရှက်​ကြောက်​လိမ့်​မည်။

ထို​ရှင်​ဘု​ရင်​သည် ကိုယ်​အ​ဖို့ များ​စွာ​သော မြင်း​တို့​ကို မ​မွေး​ရ။ မြင်း​များ​ပြား​စေ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ လူ​ကို​မ​ပြန်​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​လမ်း​သို့​မ​ပြန်​မ​သွား​ရ​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ