ဟေရှာယ 36:10Judson Bibleထာဝရဘုရား၏အခွင့်မရှိဘဲ၊ ဤပြည်ကိုဖျက်ဆီးခြင်းငှာ ငါလာသလော။ ထိုပြည်ကိုသွား၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။ အခန်းကိုကြည့်ပါ။ |
အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒရှင်ဘုရင်၊ သင်သည် ငါနှင့်အဘယ်သို့ ဆိုင်သနည်း။ သင့်ကို ယနေ့ ငါစစ်ချီသည်မဟုတ်။ ငါနှင့် စစ်တိုက်ဖက် ဖြစ်သောအမျိုးကို စစ်ချီ၏။ ငါအလျင်အမြန် ပြုမည်အကြောင်း ဘုရားသခင် မှာထားတော်မူပြီ။ ငါ့ဘက်၌ရှိသော ဘုရားသခင်ကို ဆန့်ကျင်ဘက်မပြုဘဲ နေလော့။ သို့မဟုတ် သင့်ကို ဖျက်ဆီးတော်မူမည်ဟု သံတမန်ကိုစေလွှတ်၍ မှာလိုက်လေ၏။