Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 33:3

Judson Bible

အ​လုံး​အ​ရင်း၏​အ​သံ​ကြောင့်၊ လူ​စု​တို့​သည် ပြေး​ကြ၏။ ထ​တော်​မူ​သော​အ​ခါ၊ လူ​မျိုး​တို့​သည် အ​ရပ်​ရပ် ကွဲ​ပြား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

လူ​မျိုး​တို့​သည် ဟုန်း​ဟုန်း​မြည်​ကြ၏။ တိုင်း​နိုင်​ငံ​တို့​သည် လှုပ်​ရှား​ကြ၏။ ဗျာ​ဒိတ်​သံ​ကို လွှတ်​တော်​မူ၍ မြေ​ကြီး​သည် အ​ရည်​ဖြစ်​လေ၏။

အ​ကျွန်ုပ်​တို့​ကို ကွယ်​ကာ​တော်​မူ​သော ဘု​ရား​ရှင်၊ သူ​တို့​ကို သတ်​တော်​မ​မူ​ပါ​နှင့်။ သတ်​လျှင် အ​ကျွန်ုပ်၏​လူ​တို့​သည် သ​တိ​လစ်​ကြ​ပါ​လိမ့်​မည်။ တန်​ခိုး​တော်​အား​ဖြင့် အ​ရပ်​ရပ်​ကွဲ​ပြား​စေ၍ နှိမ့်​ချ​တော်​မူ​ပါ။

မီး​ခိုး​လွှင့်​သ​ကဲ့​သို့ သူ​တို့​ကို​လွှင့်​တော်​မူ​ပါ။ ဖ​ယောင်း​သည် မီး​ရှေ့​မှာ​အ​ရည်​ဖြစ်​သ​ကဲ့​သို့၊ မ​တ​ရား​သော သူ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်​မှာ ပျက်​စီး​ကြ​ပါ​စေ​သော။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဓား​ဘေး​မှ​လည်း​ကောင်း၊ ထုတ်​သော​ဓား၊ တင်​သော​လေး၊ အ​လွန်​ခက်​သော စစ်​မှု​မှ​လည်း​ကောင်း ပြေး​ကြ၏။

သူ​တစ်​ပါး​တို့​သည် သင်​တို့၏​ဥ​စ္စာ​ကို ကျိုင်း​ကောင် သိမ်း​ယူ​သ​ကဲ့​သို့ သိမ်း​ယူ​ကြ​လိမ့်​မည်။ ကျိုင်း​ကောင်​တို့​သည် လူး​လာ​ပြေး​သ​ကဲ့​သို့၊ သင်​တို့၏ ဥ​စ္စာ​ပေါ်​မှာ လူး​လာ​ပြေး​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ သင်​သည် ပ​ရော​ဖက်​ပြု​လျက် သူ​တို့​အား ဟော​ပြော​ရ​သော​စ​ကား​များ ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော​အ​ရပ်​က ကြွေး​ကြော်​တော်​မူ​မည်။ သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်​က အ​သံ​ကို လွှင့်​တော်​မူ​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​ဌာ​န တစ်​ဖက်၌ ပြင်း​စွာ ကြွေး​ကြော်​တော်​မူ​မည်။ စ​ပျစ်​သီး​ကို နင်း​နယ်​သော​သူ​များ အော်​ဟစ်​သ​ကဲ့​သို့၊ မြေ​ကြီး​သား​များ တစ်​ဖက်၌ အော်​ဟစ်​တော်​မူ​မည်။

မြေ​ကြီး​စွန်း​တိုင်​အောင် အ​သံ​နှံ့​ပြား​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​မျိုး​မျိုး​တို့​နှင့် တ​ရား​တွေ့​စ​ရာ အ​ကြောင်း​ရှိ၍၊ ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​ကို အ​မှု​လုပ်​တော်​မူ​မည်။ ဆိုး​သော​သူ​တို့​ကို ဓား​နှင့်​ကွပ်​မျက်​စေ​ခြင်း​ငှာ အပ်​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ