Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 33:13

Judson Bible

ဝေး​သော​သူ​တို့၊ ငါ​ပြု​သော​အ​မှု​ကို မှတ်​ကြ​လော့။ နီး​သော​သူ​တို့၊ ငါ့​တန်​ခိုး​ကို ဝန်​ခံ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​လူ​စု​တို့၏​ဦး​ချို​ကို ချီး​မြှင့်​တော်​မူ​သ​ဖြင့်၊ အ​နီး​တော်၌​ရှိ​သော​လူ​စု၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တည်း​ဟူ​သော မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ ချီး​မွမ်း​ရာ​ဖြစ်​တော်​မူ၏။ ဟာ​လေ​လု​ယ။

အို​ဘု​ရား​သ​ခင်၊ နာ​မ​တော်​သည် မြေ​ကြီး​စွန်း​တိုင်​အောင်​နှံ့​ပြား​သည်​နည်း​တူ၊ ဂုဏ်​အ​သ​ရေ​တော်​လည်း နှံ့​ပြား​လျက်​ရှိ၏။ လက်​ယာ​လက်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ပြည့်​ဝ​လျက်​ရှိ​ပါ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့ အ​ကြောင်း​ကြောင့်၊ ဇိ​အုန်​မြို့​သည် ကြား၍ ရွှင်​လန်း​ပါ၏။ ယု​ဒ​သ​တို့​သ​မီး​တို့​လည်း ဝမ်း​မြောက်​ကြ​ပါ၏။

လူ​မျိုး​တို့​သည်​သ​တင်း​ကြား​၍ ကြောက်​လန့်​ကြ​လိမ့်​မည်။ ပါ​လေ​တ္တိ​န​ပြည်​သူ​ပြည်​သား​တို့​သည် ပူ​ပန်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။

လော​ကီ​နိုင်​ငံ၌​နေ​သော မြေ​ကြီး​သား​အ​ပေါင်း​တို့၊ တောင်​ပေါ်​မှာ အ​လံ​ကို ထူ​သော​အ​ခါ ကြည့်​ရှု​ကြ​လော့။ တံ​ပိုး​မှုတ်​သော​အ​ခါ နား​ထောင်​ကြ​လော့။

အို အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​သာ၊ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​သည် သိ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​ကို ထို​မင်း​လက်​မှ ယ​ခု​ကယ်​ယူ​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ပ​တ္ထ​နာ​ပြု​လေ၏။

တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၊ ငါ့​စ​ကား​ကို​ကြား​ကြ​လော့။ ဝေး​စွာ​သော​လူ​မျိုး​တို့၊ စေ့​စေ့​နား​ထောင်​ကြ​လော့။ ငါ​ဖွား​စ​က​ပင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ခေါ်​တော်​မူ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ငါ၏​နာ​မ​ကို မှတ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှာ၊ သန့်​ရှင်း​သော လက်​ရုံး​တော်​ကို ဖွင့်​ပြ​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို သိ​မြင်​ကြ​လ​တ္တံ့။

ငါ​သည် နှုတ်​ခမ်း​အ​သီး​ကို ဖန်​ဆင်း၏။ ဝေး​သော​သူ၌​လည်း​ကောင်း၊ နီး​သော​သူ၌​လည်း​ကောင်း ငြိမ်​သက်​ခြင်း​ဖြစ်​စေ၊ ငြိမ်​သက်​ခြင်း​ဖြစ်​စေ၊ သူ၏​အ​နာ​ကို ငါ​ပျောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ အ​တွင်း​ဝန်​တို့​သည် ဝိုင်း၍ မီး​မ​လောင်​နိုင်​သော ထို​သူ​တို့​ကို ကြည့်​ရှု​ကြ၏။ သူ​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​မြိုက်၊ ဝတ်​လုံ​လည်း ခြား​နား​ခြင်း မ​ရှိ၊ မီး​လောင်​သော​အ​နံ့​လည်း ကင်း​လွတ်၏။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ငါ့​လက်၌ ယ​နေ့​အပ်​တော်​မူ​သ​ဖြင့်၊ သင့်​ကို​ငါ​သတ်၍ လည်​ပင်း​ကို​ဖြတ်​မည်။ ဖိ​လိ​တ္တိ​ဗိုလ်​ခြေ အ​သေ​ကောင်​များ​ကို မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​တို့​အား ယ​နေ့​ငါ​ပေး​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ဘု​ရား​သ​ခင်​ရှိ​တော်​မူ​သည်​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ