Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 33:12

Judson Bible

လူ​များ​တို့​သည် ထုံး​ကျောက်​ကို ဖုတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ဆူး​ပင်​များ​ကို ခုတ်၍ မီး​ရှို့​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ပျား​များ​ကဲ့​သို့ ငါ့​ကို​ဝိုင်း၍ အုံ​ကြ​သော်​လည်း၊ ဆူး​ပင်​ကို​လောင်​သော မီး​ကဲ့​သို့ ငြိမ်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​အ​လင်း​သည် မီး​ဖြစ်​တော်​မူ​မည်။ သန့်​ရှင်း​သော​ဘု​ရား​သည် မီး​လျှံ​ဖြစ်​တော်​မူ​မည်။ တစ်​နေ့​ချင်း​တွင်၊ ထို​မင်း၏ ဆူး​ပင်​အ​မျိုး​မျိုး​တို့​ကို မီး​ရှို့၍၊ ကျွမ်း​စေ​တော်​မူ​မည်။

ငါ့​အ​မျက် ငြိမ်း​ပြီ။ ဆူး​ပင်​မျိုး​ကို​မူ​ကား၊ စစ်​ပွဲ၌ ငါ​တွေ့​ပါ​စေ​သော။ ချက်​ချင်း​တိုက်၍ တစ်​ပြိုင်​နက်​မီး​ရှို့​မည်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ထွက်၍၊ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ကောင် ဖြစ်​ကြ၏။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​သော လူ​ပျို​တို့​ကို အား​ရ​တော်​မ​မူ။ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​တို့​ကို သ​နား​တော်​မ​မူ။ ထို​သူ​အ​ပေါင်း​တို့​သည် အ​ဓ​မ္မ​ပြု​သော​သူ၊ ဆိုး​ညစ်​သော​သူ​ဖြစ်၍၊ မ​တ​ရား​သော​စ​ကား​ကို ပြော​တတ်​ကြ၏။ သို့​ဖြစ်၍၊ အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

အ​ဓ​မ္မ​သည် မီး​ကဲ့​သို့ လောင်​တတ်၏။ ဆူး​ပင်​အ​မျိုး​မျိုး​ကို ကျွမ်း​စေ​မည်။ တော​အုပ်​ကို​လည်း မီး​ရှို့​သ​ဖြင့်၊ အ​ပင်​တို့​သည် မီး​ခိုး​နှင့်​တ​ကွ လွင့်​တက်​ကြ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​သည် ဧ​ဒုံ​ရှင်​ဘု​ရင်၏​အ​ရိုး​တို့​ကို ထုံး​ဖြစ်​စေ​ခြင်း​ငှာ မီး​နှင့်​ဖုတ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ