Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 31:3

Judson Bible

အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် ဘု​ရား​မ​ဖြစ်၊ လူ​သက်​သက် ဖြစ်​ကြ၏။ သူ​တို့​မြင်း​သည်​လည်း ဝိ​ညာဉ်​မ​ဖြစ်၊ အ​သား​သက်​သက် ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ဆန့်​တော်​မူ​သော​အ​ခါ၊ မ​စ​တတ်​သော​သူ​သည် လဲ​လိမ့်​မည်။ မ​စ​အပ်​သော​သူ​လည်း ဆုံး​လိ​မ့်​မည်။ အ​လုံး​စုံ​တို့​သည် အ​တူ​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

သူ့​ဘက်၌ လူ​လက်​ရုံး​ရှိ၏။ ငါ​တို့​ဘက်၌ ထောက်​မ၍၊ စစ်​ကူ​တော်​မူ​သော ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။ လူ​များ​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ၏​စ​ကား​ကို ကိုး​စား​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည်၊ လူ​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။

မြင်း​သော်​လည်း ဘေး​လွတ်​ခြင်း​အ​မှု​ကို မ​တတ်​နိုင်။ ကြီး​စွာ​သော ခွန်​အား​ဗ​လ​ဖြင့် မ​ကယ်​မ​ယူ​နိုင်။

အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​ကို ခြောက်​လှန့်​တော်​မူ​ပါ။ သို့​ဖြစ်၍ မိ​မိ​တို့​သည် လူ​သက်​သက်​ဖြစ်​သည်​ကို လူ​မျိုး​တို့​သည် သိ​ကြ​ပါ​လိမ့်​မည်။

ငါ​ကြည့်​ရှု​စီ​ရင်​သည်​ကာ​လ၊ အ​ဝေး​က​ရောက်​လ​တ္တံ့​သော ဖျက်​ဆီး​ခြင်း​ဖြစ်​သည်​ကာ​လ၌၊ သင်​တို့​သည် ချမ်း​သာ​ရ​အံ့​သော​ငှာ၊ အ​ဘယ်​သူ​ထံ​သို့ ပြေး​ကြ​လိမ့်​မည်​နည်း။ သင်​တို့​စည်း​စိမ်​ဥ​စ္စာ​ကို အ​ဘယ်​မှာ​သို​ထား​ကြ​လိမ့်​မည်​နည်း။

ထို​နည်း​တူ၊ အဲ​ဂု​တ္တု​လူ​များ​ကို အ​ရှက်​ခွဲ​ခြင်း​အ​လို​ငှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် အဲ​ဂု​တ္တု​လူ​နှင့် ကု​ရှ​လူ​အ​ကြီး​အ​ငယ်​တို့​အား အ​ဝတ်​နှင့်​ခြေ​နင်း​ကို ချွတ်၍၊ တင်​ပါး​ကို​မျှ မ​ဖုံး​စေ​ဘဲ၊ ဖမ်း​ဆီး​ချုပ်​ထား​သိမ်း​သွား​လိမ့်​မည်။

ထို​ကမ်း​နား​မှာ နေ​သော​သူ​များ​က​လည်း၊ ကြည့်​ပါ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏​လက်​မှ​လွတ်​ခြင်း​ငှာ ငါ​တို့ မျှော်​လင့်​ရာ​အ​ရာ၊ ပြေး၍ ခို​လှုံ​ရာ​အ​ရာ​သည် ထို​သို့ ဖြစ်​ပါ​သည်​တ​ကား။ ငါ​တို့​သည် အ​ဘယ်​သို့​လွတ်​နိုင်​ပါ​မည်​နည်း​ဟု ထို​အ​ခါ ဆို​ကြ​လိမ့်​မည်။

ငါ​တို့​သည် ထို​သို့​မ​နေ၊ မြင်း​စီး၍ ပြေး​မည်​ဟု ဆို​သော​ကြောင့်၊ သူ​တစ်​ပါး​တို့​သည် သင်​တို့​ကို ပြေး​စေ​မည်။ ငါ​တို့​သည် လျင်​မြန်​စွာ စီး​သွား​မည်​ဟု ဆို​သော​ကြောင့်၊ သင်​တို့​ကို လိုက်​သော​သူ​တို့​သည် လျင်​မြန်​ကြ​လိမ့်​မည်။

အ​သုံး​မ​ဝင်၊ အ​ကူ​အ​ညီ​မ​ပေး၊ ကျေး​ဇူး​မ​ပြု​နိုင်​ဘဲ ရှက်​ကြောက်​ခြင်း၊ အ​သ​ရေ​ပျက်​ခြင်း အ​ကြောင်း​သာ​ဖြစ်​သော လူ​မျိုး​ကို သူ​တို့​ရှိ​သ​မျှ​သည် ရှက်​ကြောက်​ကြ၏။

အဲ​ဂု​တ္တု​ပြည်​သည် အ​ချည်း​နှီး​သက်​သက်၊ အ​ကျိုး​မ​ပေး​နိုင်။ ထို​ကြောင့်၊ မ​လှုပ်​ဘဲ​နေ​တတ်​သော ရာ​ခပ်​ဟု ငါ​သ​မုတ်​ပေ၏။

ကျိုး​သော ကျူ​လုံး​တောင်​ဝှေး​တည်း​ဟူ​သော အဲ​ဂု​တ္တု​ပြည်​ကို ကိုး​စား​ပါ​သည်​တ​ကား။ ထို​ကျူ​လုံး​သည် မှီ​သော​သူ၏​လက်​ကို​ဖောက်၍ လျှို​သွား​လိမ့်​မည်။ ထို​သို့ အဲ​ဂု​တ္တု​မင်း​ကြီး ဖာ​ရော​ဘု​ရင်​သည် မိ​မိ၌​မှီ​သော​သူ အ​ပေါင်း​တို့​ကို ပြု​လိမ့်​မည်။

သင်​သည် ငါ့​သ​ခင်၏​ကျွန်​တို့​တွင် အ​ငယ်​ဆုံး​သော​ဗိုလ်​ကို အ​ဘယ်​သို့ လှန်​နိုင်​မည်​နည်း။ အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို​ရ​မည်​ဟု ယုံ​ပါ​သည်​တ​ကား။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​သော လူ​ပျို​တို့​ကို အား​ရ​တော်​မ​မူ။ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​တို့​ကို သ​နား​တော်​မ​မူ။ ထို​သူ​အ​ပေါင်း​တို့​သည် အ​ဓ​မ္မ​ပြု​သော​သူ၊ ဆိုး​ညစ်​သော​သူ​ဖြစ်၍၊ မ​တ​ရား​သော​စ​ကား​ကို ပြော​တတ်​ကြ၏။ သို့​ဖြစ်၍၊ အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ့​ကို​စွန့်​ပစ်၍ ဆုတ်​သွား​ပြီ။ ထို​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်၍ သင့်​ကို​ဖျက်​ဆီး​မည်။ ငါ​သည် နောင်​တ​ရ၍​ငြီး​ငွေ့​ပြီ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​ကို​ကိုး​စား၍ လူ​သ​တ္တ​ဝါ​ကို အ​မှီ​ပြု​သ​ဖြင့်၊ စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား​သော​သူ​သည် ကျိန်​အပ်​သော​သူ​ဖြစ်၏။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို တု​ရု​ရှင်​ဘု​ရင်​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ကိုယ်​ကို​ဘု​ရား​သ​ခင်​ကဲ့​သို့ ထင်​မှတ်​သော်​လည်း ဘု​ရား​သ​ခင်​မ​ဟုတ်၊ လူ​သက်​သက်​ဖြစ်​လျက်​နှင့် ငါ​သည် ဘု​ရား​ဖြစ်၏။ ပင်​လယ်​အ​လယ်၌ ဘု​ရား​ပ​လ္လင်​ပေါ်​မှာ ငါ​ထိုင်​သည်​ဟု ဝါ​ကြွား​သော​စိတ်​နှင့် ဆို​သည်​ဖြစ်၍၊

သင့်​အ​သက်​ကို သတ်​သော​သူ​တို့​လက်​တွင်၊ သင်​သည် ဘု​ရား​သ​ခင်​မ​ဟုတ်၊ လူ​သက်​သက်​ဖြစ်​လျက်​နှင့်၊ ငါ​သည် ဘု​ရား​ဖြစ်​သည်​ဟု သင့်​အ​သက်​ကို သတ်​သော​သူ​တို့​ရှေ့​မှာ အ​မှန်​ပြော​လိမ့်​မည်​လော။

လေး​ကို​ကိုင်​သော​သူ​သည် မ​ရပ်​ရ။ လျင်​မြန်​သော ခြေ​သည်​သူ​ရဲ​သည် ကိုယ်​ကို မ​ကယ်​လွှတ်​ရ။ မြင်း​စီး​သူ​ရဲ​သည်​လည်း ကိုယ်​ကို မ​ကယ်​လွှတ်​ရ။

ထို​သူ​တို့​ကို ရှိ​ပါ​လေ​စေ။ သူ​တို့​သည် လူ​ကန်း​တို့​အား လမ်း​ပြ​သော လူ​ကန်း​ဖြစ်၏။ လူ​ကန်း​ချင်း တစ်​ဦး​ကို​တစ်​ဦး လမ်း​ပြ​လျှင်၊ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ