သူတို့မင်းတို့သည် ဇောနမြို့၌ ရှိကြပြီ။ သံတမန်တို့သည် ဟာနက်မြို့သို့ ရောက်ကြပြီ။
နောက်တစ်ဖန် နှစ်တိုင်းဆက်ရသော အခွန်ကိုမဆက်။ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိရှင်ဘုရင်သိသဖြင့်၊ ဟောရှေကိုဖမ်းဆီး၍ ထောင်ထဲမှာချုပ်ထားပြီးလျှင်၊
အဲဂုတ္တုပြည်၊ ဇောနအရပ်တွင် သူတို့အဘများမျက်မှောက်၌ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူ၏။
အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ်ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက်သောအကြံကို ပေးကြ၏။ ကျွန်တော်သည် ပညာရှိအမျိုး၊ ရှေးဘုရင်တို့အနွယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း။
ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာမျိုးများကိုသုံးပြီ။ တမန်တို့ကို ဝေးသောအရပ်သို့ စေလွှတ်၍၊ မရဏနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။
ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့သွား၍ တာပနက်မြို့သို့ ရောက်ကြ၏။
ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါကြား၏။ သင်တို့သည် စည်းဝေး၍၊ ဧဒုံပြည်ကို တိုက်ခြင်းငှာ စစ်ချီ၍လာကြလော့ဟု တစ်ပါးအမျိုးသားတို့ထံသို့ သံမန်ကိုစေလွှတ်တော်မူပြီ။
ပါသရုပြည်ကို ငါဖျက်မည်။ ဇောနမြို့ကိုလည်း မီးရှို့မည်။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်မည်။
တာပနက်မြို့၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး၍၊ သူ့အစွမ်းသတ္တိ၏ဂုဏ်အသရေဆုံးသောအခါ နေ့အချိန်၌ အလင်းကွယ်လိမ့်မည်။ မိုးအုံ့၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကိုခံရကြလိမ့်မည်။
အကျိုးနည်းရှိကြ၏။ လိမ်တတ်သောလေးကဲ့သို့ ဖြစ်ကြ၏။ မင်းတို့သည် စော်ကားသောကြောင့် ဓားဖြင့်သေ၍ အဲဂုတ္တုပြည်သားတို့၏ ကဲ့ရဲ့ခြင်းကို ခံရကြလိမ့်မည်။
အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှာ စစ်ချီကြလော့ဟု၊ တစ်ပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။
တောင်မျက်နှာ၌လျှောက်သွား၍ အာနကအမျိုးသား အဟိမန်၊ ရှေရှဲ၊ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့မတည်မီ ခုနစ်နှစ်ကတည်သောမြို့ ဖြစ်သတည်း။