ဟေရှာယ 30:3Judson Bibleသို့ဖြစ်၍ သင်တို့သည် ဖာရောဘုရင်၏ ဘုန်းကိုအမှီပြုသောကြောင့် ရှက်ကြောက်ကြလိမ့်မည်။ အဲဂုတ္တုအရိပ်ကို ခိုလှုံသောကြောင့် မျက်နှာပျက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့သားတို့ အပေါ်သို့ ငါ့အမျက်အရှိန်ကို ငါသွန်းလောင်းသည်နည်းတူ၊ သင်တို့သည် အဲဂုတ္တုပြည်သို့၀င်သောအခါ၊ သင်တို့အပေါ်သို့ သွန်းလောင်းသဖြင့်၊ သင်တို့သည် ဆဲရေးခြင်း၊ အံ့သြခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဖို့ရာ ဖြစ်လိမ့်မည်။ ဤအရပ်ကို နောက်တစ်ဖန် မမြင်ရ။
ဣသရေလအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ နောမြို့၌ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ၍ အဲဂုတ္တုပြည်သားဘုရားများ၊ ရှင်ဘုရင်များတည်းဟူသော၊ ဖာရောဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစားသောသူတို့ကို ငါဆုံးမမည်။