ဟေရှာယ 3:9Judson Bibleသူတို့မျက်နှာအနေအထားသည် သူတို့တစ်ဖက်၌ သက်သေခံ၏။ မိမိဒုစရိုက်ကို မဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာပြုကြ၏။ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကို မိမိတို့၌ဆပ်ပေးကြပြီ။ အခန်းကိုကြည့်ပါ။ |
သင်၏ ဒုစရိုက်သည် သင့်ကိုဆုံးမမည်။ သင်၏ဖောက်ပြန်ခြင်းသည် သင့်ကို အပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည်၊ မကောင်းသောအမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
သူ၏ခေါင်း၌ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ ဆိုလိုသည်ကိုလည်းကောင်း၊ နောက်ပေါက်၍ အရင်ချို သုံးချောင်းကိုနုတ်၍၊ ကြီးစွာသောစကားကို ပြောတတ်သောနှုတ်နှင့် မျက်စိရှိသဖြင့်၊ မိမိအဖော်တို့ထက်သာ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတစ်ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကိုလည်းကောင်း သိခြင်းငှာ ငါအလိုရှိ၏။