Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 3:7

Judson Bible

သူ​က​လည်း၊ ငါ​သည် ပြု​ပြင်​နိုင်​သော​သူ မ​ဟုတ်။ ငါ့​အိမ်၌​မုန့်​လည်း​မ​ရှိ။ အ​ဝတ်​လည်း​မ​ရှိ။ ငါ့​ကို ပြည်​သား​တို့​အ​ပေါ်​မှာ မင်း​မ​ပြု​စေ​နှင့်​ဟု အ​တည့်​အ​လင်း ပြော​ဆို​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​က၊ မင်း​ကြီး​သည် အာ​ဗြံ​ကို​ငါ​ရ​တတ်​စေ​ပြီ​ဟု ပြော​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ လု​လင်​တို့​သည် စား​ပြီး​သော​အ​ရာ​ကို​လည်း​ကောင်း၊ ကျွန်ုပ်​နှင့်​အ​တူ​လိုက်​လာ​သော​သူ၊ အာ​နေ​ရ၊ ဧ​ရှ​ကော​လ၊ မံ​ရေ​တို့​သည် မိ​မိ​တို့​အ​ဖို့​ကို​ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​သ​ဖြင့်၊ သူ​တို့​ယူ​သော​အ​ဖို့​ကို​လည်း​ကောင်း ထား၍ မင်း​ကြီး၏​ဥ​စ္စာ၊ အပ်​ခြည်​တစ်​မျှင်​ဖြစ်​စေ၊ ခြေ​နင်း​ကြိုး​တစ်​ပင်​ဖြစ်​စေ၊ တစ်​စုံ​တစ်​ခု​ကို​မျှ​ငါ​မ​ယူ​ဟု ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ကျွန်ုပ်​သည်​လက်​ကို​ချီ၍ အ​ဓိ​ဋ္ဌာန်​ပြု​ပါ​ပြီ​ဟု၊ သော​ဒုံ​မင်း​ကြီး​အား​ပြော​ဆို​လေ၏။

သင်၏​အ​မျိုး​အ​နွယ်​သည် ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ တည်​ဖူး​သော တိုက်​မြစ်​များ​အ​ပေါ်​မှာ ထပ်​ဆင့်၍ တည်​ဆောက်​ကြ​လိမ့်​မည်။ သင်​သည်​လည်း၊ ပြို​ပျက်​သော မြို့​ရိုး​ကို ပြု​ပြင်​သော​သူ၊ လူ​နေ​ရာ​လမ်း​များ​ကို ပြင်​ဆင်​သော​သူ​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ကိုယ်​တော်​သည် ယု​ဒ​ပြည်​ကို အ​ကုန်​အ​စင်​ပယ်​တော်​မူ​သ​လော။ ဇိ​အုန်​မြို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​လော။ ချမ်း​သာ​မ​ရ​အောင် အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် ဒဏ်​ခတ်​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ငြိမ်​သက်​ခြင်း​ကို​မျှော်​လင့်​သော်​လည်း၊ ကောင်း​ကျိုး​ကို မ​ရ​ကြ​ပါ။ ချမ်း​သာ​ကို မျှော်​လင့်​သော်​လည်း၊ ဘေး​နှင့်​သာ​တွေ့​ရ​ကြ​ပါ၏။

အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ သင်၏​အ​မှု၌​အ​ဘယ်​သက်​သေ​ကို ငါ​ပြ​ရ​မည်​နည်း။ အို​ဇိ​အုန်​သ​တို့ သ​မီး​က​ညာ၊ သင့်​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ သင်​နှင့်​အ​ဘယ်​သူ​ကို ငါ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သင်၏​ပြို​ပျက်​ရာ​သည် သ​မု​ဒ္ဒ​ရာ​ကဲ့​သို့ ကျယ်​သော​ကြောင့် အ​ဘယ်​သူ ပြု​ပြင်​နိုင်​သ​နည်း။

အား​နည်း​သော​သိုး​ကို မ မ​စ​ကြ၊ နာ​သော​သိုး​တို့​ကို ဆေး​မ​ကု​ကြ၊ အ​ရိုး​ကျိုး​သော​သိုး​ကို အ​ဝတ်​နှင့်​မ​စည်း​ကြ၊ သူ​တစ်​ပါး​နှင်​သော သိုး​ကို လိုက်၍​မ​ဆောင်​ခဲ့​ကြ၊ ပျောက်​သော​သိုး​ကို မ​ရှာ​ကြ၊ အ​နိုင်​အ​ထက်​ပြု၍ ကြမ်း​တမ်း​စွာ စီ​ရင်​ကြ​ပြီ။

ဧ​ဖ​ရိမ်​သည် မိ​မိ​အ​ပေါက်​တို့​ကို​လည်း​ကောင်း၊ ယု​ဒ​သည် မိ​မိ​အ​နာ​ကို​လည်း​ကောင်း မြင်​သော​အ​ခါ၊ ဧ​ဖ​ရိမ်​သည် အာ​ရှု​ရိ​မင်း​ထံ​သို့ သွား၍၊ ယု​ဒ​သည် ရှင်​ဘု​ရင်​ယာ​ရက်​ထံ​သို့ စေ​လွှတ်​သော်​လည်း၊ ထို​မင်း​တို့​သည် သင်​တို့​အ​ပေါက်​ကို မ​ဖာ​နိုင်၊ အ​နာ​ကို​လည်း မ​ပျောက်​စေ​နိုင်​ကြ။

လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် ကိုက်​ဖြတ်​သော်​လည်း ပ​က​တိ ဖြစ်​စေ​တော်​မူ​မည်။ ဒဏ်​ခတ်​သော်​လည်း အ​နာ​ကို​စည်း​တော်​မူ​မည်။

ငါ​တို့​စား​စ​ရာ​သည် ငါ​တို့​မျက်​မှောက်၌ ပြတ်​သည်​မ​ဟုတ်​လော။ ငါ​တို့​ဘု​ရား​သ​ခင်၏​အိမ်​တော်၌ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ကြောင်း​လည်း ပြတ်​သည် မ​ဟုတ်​လော။

ငါ​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ပေ၏​ဟု ငါ့​လက်​ကို ကောင်း​ကင်​သို့​ချီ၍ ကျိန်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ