Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 3:17

Judson Bible

ဘု​ရား​ရှင်​သည် ဇိ​အုန်​သ​တို့​သ​မီး​တို့​ကို ခေါင်း​တုံး​ဖြစ်​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​မှ​အ​ဝတ်​ကို​ပယ်၍ အ​ရှက်​ခွဲ​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဇိ​အုန်​သ​တို့​သ​မီး​တို့၊ လက်​ထပ်​မင်္ဂ​လာ​ဆောင်​သော​နေ့၊ နှ​လုံး​တော်​ရွှင်​လန်း​သော​နေ့၌ မယ်​တော်​တင်​သော ဦး​ရစ်​သ​ရ​ဖူ​ကို ဆောင်း​တော်​မူ​သော ရှော​လ​မုန်​မင်း​ကြီး​ကို သွား၍​ဖူး​မြင်​ကြ​လော့။

ထို​နည်း​တူ၊ အဲ​ဂု​တ္တု​လူ​များ​ကို အ​ရှက်​ခွဲ​ခြင်း​အ​လို​ငှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် အဲ​ဂု​တ္တု​လူ​နှင့် ကု​ရှ​လူ​အ​ကြီး​အ​ငယ်​တို့​အား အ​ဝတ်​နှင့်​ခြေ​နင်း​ကို ချွတ်၍၊ တင်​ပါး​ကို​မျှ မ​ဖုံး​စေ​ဘဲ၊ ဖမ်း​ဆီး​ချုပ်​ထား​သိမ်း​သွား​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​တို့​သည် စိတ်​မြင့်၍၊ မိ​မိ​လည်​ပင်း​ကို ပြ​လျက်၊ မျက်​စိ​လော်​လည်​လျက်၊ ခြေ​ချင်း​တန်​ဆာ​မြည်​လျက်၊ စိပ်​စိပ်​လှမ်း​သွား​တတ်​သော​ကြောင့်၊

ထို​ကာ​လ၌ ဘု​ရား​ရှင်​သည် သူ​တို့​ခြေ​ချင်း၊ ဇာ​ဦး​ထုပ်၊ လ​ဆန်း​ရုပ်​လည်​ဆွဲ၊

သင်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​ကြောင့် ဤ​အ​မှု​ရောက်​သ​နည်း​ဟု စိတ်​ထဲ၌ အောက်​မေ့​လျှင်၊ သင်၏​အ​ပြစ်​များ​သော​ကြောင့်၊ သင့်​အ​ဝတ်​ကို ချွတ်​ရ၏။ ခြေ​နင်း​ကို​လည်း​မ​စီး​ရ။

ကျော​ကုန်း​သော​သူ၊ ပု​သော​သူ၊ မျက်​စိ​နာ​သော​သူ၊ ဝဲ​စွဲ​သော​သူ၊ ယား​နာ​စွဲ​သော​သူ၊ ဝှေး​စေ့​ပျက်​သော​သူ​သည် မ​ချဉ်း​မ​ကပ်​ရ။

အို ရှ​ဖိ​ရ​မြို့​သ​မီး၊ အ​ဝတ်​ကို​ချွတ်၍ အ​ရှက်​ကွဲ​လျက် သွား​လော့။ ဇာ​နန်​မြို့​သ​မီး​သည် ငို​ကြွေး​ခြင်း​ကို​ပြု​လျက် မ​ထွက်​ရ။ ဗေ​သ​ဇေ​လ​မြို့​သည် သင်​တို့​တည်း​ခို​ရ​သော အ​ခွင့်​ကို မ​ပေး​ရ။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​ဝတ်​ကို သင်၏​မျက်​နှာ​ပေါ်​မှာ​လှန်၍ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​ရှေ့​မှာ သင်၌ အ​ချည်း​စည်း​ရှိ​ခြင်း၊ အ​ရှက်​ကွဲ​ခြင်း​ကို ငါ​ပြ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​အ​နာ​စိမ်း၊ မြင်း​သ​ရိုက်​နာ၊ ဝဲ​နာ၊ မ​ပျောက်​နိုင်​သော​ယား​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။

ပ​ထ​မ​သူ​သည် သွား၍ မိ​မိ​ဖ​လား​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော လူ​တို့၌ အ​လွန်​ဆိုး​သော အ​နာ​စိမ်း​ပေါက်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ