Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 3:16

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​တို့​သည် စိတ်​မြင့်၍၊ မိ​မိ​လည်​ပင်း​ကို ပြ​လျက်၊ မျက်​စိ​လော်​လည်​လျက်၊ ခြေ​ချင်း​တန်​ဆာ​မြည်​လျက်၊ စိပ်​စိပ်​လှမ်း​သွား​တတ်​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။

ထောင်​လွှား​သော​မျက်​နှာ၊ မာ​န​ကြီး​သော​နှ​လုံး၊ မ​တ​ရား​သော​သူ​တို့၏ အ​လင်း​သော်​လည်း အ​ပြစ်​ပါ၏။

အ​လွန်​စိတ်​မြင့်၍ မော်​ကြည့်​တတ်​သော လူ​တစ်​မျိုး၊

ဇိ​အုန်​သ​တို့​သ​မီး​တို့၊ လက်​ထပ်​မင်္ဂ​လာ​ဆောင်​သော​နေ့၊ နှ​လုံး​တော်​ရွှင်​လန်း​သော​နေ့၌ မယ်​တော်​တင်​သော ဦး​ရစ်​သ​ရ​ဖူ​ကို ဆောင်း​တော်​မူ​သော ရှော​လ​မုန်​မင်း​ကြီး​ကို သွား၍​ဖူး​မြင်​ကြ​လော့။

ဇိ​အုန်​သ​တို့​သ​မီး​သည်​လည်း၊ စ​ပျစ်​ဥ​ယျာဉ်​၌ တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​၌ လင့်​စင်​ကဲ့​သို့​လည်း​ကောင်း၊ ရန်​သူ​ဝိုင်း​သော​မြို့​ကဲ့​သို့​လည်း​ကောင်း ကျန်​ရစ်​လေ​၏။

ပြည်​တော်​သည် ငြို​ငြင်​ညှိုး​ငယ်​ခြင်း​ရှိ၏။ လော​က​သည် အား​လျော့၍ ညှိုး​ငယ်​ခြင်း​ရှိ၏။ ဘုန်း​ကြီး​သော ပြည်​သား​တို့​သည် အား​လျော့​ကြ၏။

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မုန့်​အ​ထောက်​အ​ပင့်​နှင့် ရေ​အ​ထောက်​အ​ပင့် ရှိ​သ​မျှ​မှ​စ၍၊ ခပ်​သိမ်း​သော အ​ထောက်​အ​ပင့်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။

ဘု​ရား​ရှင်​သည် ဇိ​အုန်​သ​တို့​သ​မီး​တို့​ကို ခေါင်း​တုံး​ဖြစ်​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​မှ​အ​ဝတ်​ကို​ပယ်၍ အ​ရှက်​ခွဲ​တော်​မူ​မည်။

ထို​ကာ​လ၌ ဘု​ရား​ရှင်​သည် သူ​တို့​ခြေ​ချင်း၊ ဇာ​ဦး​ထုပ်၊ လ​ဆန်း​ရုပ်​လည်​ဆွဲ၊

ထို​ပြည်​တွင် သူ​ငယ်​တို့​ကို မင်း​အ​ရာ၌​ငါ​ခန့်​ထား၍ နို့​စို့​သူ​ငယ်​တို့​သည် အုပ်​စိုး​ကြ​လိမ့်​မည်။

ဇိ​အုန်​သ​တို့​သ​မီး​တို့၏ အ​ညစ်​အ​ကြေး​ကို​ဆေး​ကြော၍၊ ယေ​ရု​ရှ​လင်​မြို့၏​အ​သွေး​ကို မြို့​ထဲ​က ပယ်​ရှား​တော်​မူ​ပြီး​လျှင်၊ ဇိ​အုန် တောင်​မှာ​ကျန်​ကြွင်း၍၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​သော​သူ​တည်း​ဟူ​သော အ​သက်​စာ​ရင်း​ဝင်​သ​မျှ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ကြ​လိမ့်​မည်။

ငါ့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကြောင့် ထို​အ​ခါ သင်​သည် အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ သင်၏​ဂုဏ်​အ​သ​ရေ​ကြောင့် ဝါ​ကြွား​သော သူ​တို့​ကို သင့်​အ​လယ်၌ ငါ​ပယ်​ရှား​မည်။ သင်​သည်​လည်း ငါ၏​သန့်​ရှင်း​သော​တောင်​ကို အ​မှီ​ပြု၍ နောက်​တစ်​ဖန် မာ​န​မ​ထောင်​လွှား​ရ။

နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့​ဟု ဇိ​အုန်​သ​တို့​သ​မီး​အား ပြော​ကြ​လော့​ဟူ​သော ပ​ရော​ဖက်၏​နှုတ်​ထွက် ပြည့်​စုံ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။

ထို​သူ​တို့​ကို ယေ​ရှု​သည် လှည့်​ကြည့်၍၊ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ့​ကြောင့် မ​ငို​ကြွေး​ကြ​နှင့်။ မိ​မိ​တို့​နှင့် မိ​မိ​တို့​သား​များ​ကြောင့် ငို​ကြွေး​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ