Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 3:1

Judson Bible

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မုန့်​အ​ထောက်​အ​ပင့်​နှင့် ရေ​အ​ထောက်​အ​ပင့် ရှိ​သ​မျှ​မှ​စ၍၊ ခပ်​သိမ်း​သော အ​ထောက်​အ​ပင့်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​နှစ် စ​တု​တ္ထ​လ​ကိုး​ရက်​နေ့​တွင်၊ မြို့​ထဲ​မှာ အ​လွန်​အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သူ​မြို့​သား​တို့​သည် စား​စ​ရာ​မ​ရှိ​သော​အ​ခါ၊

တစ်​ဖန်​တုံ၊ ထို​ပြည်၌ မွတ်​သိပ်​ခြင်း​ဘေး​ကို​ခေါ်၍၊ အ​စာ​အာ​ဟာ​ရ​တည်း​ဟူ​သော အ​ထောက်​အ​ပင့်​ရှိ​သ​မျှ​ကို ချိုး​ဖျက်​တော်​မူ​သော​အ​ခါ၊

ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​၌ တန်​ခိုး​ကြီး​သော​ဘု​ရား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အဲ၊ ငါ့​တ​စ်​ဖက်​၌ နေ​သော​သူ​တို့​ကို ပယ်​ရှား​ပြီး​မှ ငါ​ချင်​ရဲ​ပြေ​မည်။ ကိုယ်​အ​ဖို့​ကို​စောင့်​၍ ငါ့​ရန်​သူ​တို့​ကို အ​ပြစ်​နှင့် အ​လျောက်​စီ​ရင်​မည်။

နှာ​ခေါင်း​နှင့် အ​သက်​ရှူ​တတ်​သော လူ​သ​တ္တ​ဝါ​ကို မ​ကိုး​စား​ကြ​နှင့်။ ထို​သို့​သော​သူ​ကို အ​ဘယ်​သို့ ပ​မာ​ဏ​ပြု​စ​ရာ​ရှိ​သ​နည်း။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​တို့​သည် စိတ်​မြင့်၍၊ မိ​မိ​လည်​ပင်း​ကို ပြ​လျက်၊ မျက်​စိ​လော်​လည်​လျက်၊ ခြေ​ချင်း​တန်​ဆာ​မြည်​လျက်၊ စိပ်​စိပ်​လှမ်း​သွား​တတ်​သော​ကြောင့်၊

ရာ​ဗ​ရှာ​ခ​က၊ ငါ့​သ​ခင်​သည် သင်၏​သ​ခင်​နှင့် သင့်​အား​သာ ဤ​စ​ကား​ကို​ပြော​စေ​ခြင်း​ငှာ ငါ့​ကို စေ​လွှတ်​တော်​မူ​သ​လော။ မြို့​ရိုး​ပေါ်​မှာ ထိုင်​လျက်၊ သင်​တို့​နှင့်​အ​တူ မိ​မိ​တို့​မ​စင်​ကို​စား၍၊ မိ​မိ​တို့​ရေ​ဟောင်း​ကို သောက်​ရ​သော သူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​သည် မ​ဟုတ်​လော​ဟု ဆို​ပြီး​လျှင်၊

ထို​ကြောင့် ငါ၏​လူ​တို့​သည် ပ​ညာ​မ​ရှိ၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ၏။ မှူး​မတ်​တို့​သည် မွတ်​သိပ်၍ သေ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည် ရေ​ငတ်၍ ပူ​ဆွေး​လျက်​ရှိ​ကြ၏။

သင်၏​အ​ရှင်၊ မိ​မိ​လူ​တို့၏​အ​မှု​ကို စောင့်​တော်​မူ​သော သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကြည့်​ရှု​လော့။ တုန်​လှုပ်​စေ​သော​ဖ​လား၊ ငါ့​အ​မျက်​တော်​ဖ​လား၏ အ​နည်​အ​ဖတ်​ကို သင်၏​လက်​မှ​ငါ​ရုပ်၍၊ သင်​သည် နောက်​တစ်​ဖန် မ​သောက်​ရ။

လက်​ယာ​ဘက်၌ ခုတ်​ဖြတ်​သော်​လည်း၊ ငတ်​မွတ်​လိမ့်​မည်။ လက်​ဝဲ​ဘက်၌ ကိုက်​စား​သော်​လည်း မ​ဝ​ရ။ အိမ်​နီး​ချင်း​အ​သား​ကို လူ​တိုင်း ကိုက်​စား​ရ​လိမ့်​မည်။

ထို​အ​ခါ ဇေ​ဒ​ကိ​မင်း​ကြီး အ​မိန့်​တော်​ရှိ၍၊ ယေ​ရ​မိ​ကို ထောင်​ဝင်း၌​ထား​ကြ၏။ မြို့​တွင် မုန့်​မ​ကုန်​မီ​တိုင်​အောင်၊ မုန့်​သည်​တန်း​မှ မုန့်​တစ်​လုံး​ကို နေ့​တိုင်း​အ​စဉ် ပေး​ရ၏။ ထို​သို့ ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ​နေ​လေ၏။

အ​ကျွန်ုပ်​သ​ခင် အ​ရှင်​မင်း​ကြီး၊ ထို​သူ​တို့​သည် ပ​ရော​ဖက်​ယေ​ရ​မိ​ကို ပြု​လေ​သ​မျှ​တို့၌ မှား​ကြ​ပါ​ပြီ။ မြေ​တွင်း၌ ချ​ထား​ကြ​ပါ​ပြီ။ မြို့၌ မုန့်​ကုန်​သော​ကြောင့်၊ ထို​တွင်း၌ ငတ်​မွတ်၍​သေ​ပါ​လိမ့်​မည်​ဟု လျှောက်​သော်၊

ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို အ​ထံ​တော်​မှ မ​နှင်​ထုတ်​မီ​တိုင်​အောင် အ​မျက်​ထွက်​တော်​မူ၍၊ ဇေ​ဒ​ကိ​မင်း​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ပုန်​ကန်​လေ၏။

ထို​နှစ်၊ စ​တု​တ္ထ​လ ကိုး​ရက်​နေ့​တွင်၊ မြို့​ထဲ​မှာ အ​လွန် အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သူ​မြို့​သား​တို့​သည် စား​စ​ရာ​မ​ရှိ​သော​အ​ခါ၊

ငွေ​ပေး​မှ ရေ​ကို သောက်​ရ​ပါ၏။ ထင်း​ကို​လည်း ဝယ်​ရ​ပါ၏။

အ​ချင်း​လူ​သား၊ ပြည်​သား​တို့​သည် အ​ထပ်​ထပ်​လွန်​ကျူး၍ ငါ့​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်၍ မုန့်​အ​ထောက်​အ​ပင့်​ကို ချိုး​သ​ဖြင့်၊ အ​စာ​အာ​ဟာ​ရ​ကို​ခေါင်း​ပါး​စေ၍၊ ထို​ပြည်​မှ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​လျှင်၊

သင်​တို့၏​အ​စာ​အာ​ဟာ​ရ အ​ထောက်​အ​ပင့်​ကို ငါ​ပယ်​ရှား​သော​အ​ခါ၊ မိန်း​မ​တစ်​ကျိပ်​တို့​သည် သင်​တို့၏​မုန့်​ကို မီး​ဖို​တစ်​ဖို၌​ဖုတ်​ပြီး​မှ၊ ထို​မုန့်​ကို​ချိန်​ပေး​သ​ဖြင့် သင်​တို့​သည်​ဝ​စွာ​မ​စား​ရ​ကြ။

ငါ​သည်​လည်း၊ သင်​တို့​မြို့​ရွာ ရှိ​သ​မျှ​တို့၌ သွား​တို့၏​စင်​ကြယ်​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နေ​ရာ အ​ရပ်​ရှိ​သ​မျှ​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ကို​လည်း​ကောင်း ပေး​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့​ပြန်၍ မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယ​ခု​မှာ သင်​သည် အ​ဘယ်​ကြောင့် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​သ​နည်း။ သင်၌ ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​ရှိ​သ​လော။ အ​ကြံ​ပေး​သော​မှူး​မတ် ပျောက်​ပျက်​သ​လော။ သား​ဖွား​သော​မိန်း​မ​ကဲ့​သို့ သင်​သည် ဝေ​ဒ​နာ​ကို ခံ​ရ​ပါ​သည်​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ