Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 29:4

Judson Bible

သင်​သည် နှိမ့်​ချ​ခြင်း​ကို​ခံ၍ မြေ​ထဲ​က ပြော​ရ​လိမ့်​မည်။ မြေ​မှုန့်​ထဲ​က ငယ်​သော​အ​သံ​နှင့် မြွက်​ရ​လိမ့်​မည်။ သင်​ပြော​သော​အ​သံ​သည် နတ်​ဝင်​သူ​ပြော​သံ​ကဲ့​သို့ မြေ​ထဲ​က​ထွက်၍၊ သင်​သည် မြေ​မှုန့်​ထဲ​က အ​သံ​သေး​နှင့် တိုး​တိုး မြွက်​ဆို​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့၏​စိတ်​ဝိ​ညာဉ်​သည် မြေ​တိုင်​အောင် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ၍၊ ရင်​ပတ်​လည်း မြေ၌​ကပ်​လျက်​ရှိ​ပါ၏။

ယေ​ရု​ရှ​လင်​မြို့​ပြို​လဲ​လျက်၊ ယု​ဒ​ပြည် ဆုံး​ရှုံး​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​စ​ကား​နှင့် သူ​တို့​အ​ကျင့်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​လို​တော်​နှင့်​မ​ညီ၊ ဘုန်း​ကြီး​သော​မျက်​စိ​တော်​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​ကြ၏။

သို့​ရာ​တွင်၊ မိုး​သီး​ကျ​သ​ဖြင့် တော​အုပ်​ကို​လှဲ၍၊ မြို့​ကို​လည်း မြေ​နှင့် တ​ညီ​တည်း ဖြို​ဖျက်​လိမ့်​မည်။

သင်​သည် ခ​ရီး​သွား​သော​သူ​တို့​ရှေ့​မှာ ကိုယ်​ကို မြေ​တန်​တား​လုပ်၍၊ အ​လျား​ဝပ်​စေ​ခြင်း​ငှာ ဝပ်​လျက်​နေ​တော့။ ငါ​ကျော်​သွား​မည်​ဟု ဆို၍၊ သင့်​ကို​ညှဉ်း​ဆဲ​သော သူ​တို့​လက်၌ ထို​ဖ​လား​ကို​ငါ​ထား​မည်။

အို​ယေ​ရု​ရှ​လင်​မြို့၊ ကိုယ်၌​ကပ်​သော မြေ​မှုန့်​ကို​ခါ​လိုက်၍၊ မြင့်​သော​အ​ရပ်၌ ထိုင်​လော့။ အို ချုပ်​ထား​လျက်​ရှိ​သော ဇိ​အုန်​သ​တို့​သ​မီး၊ သင်၏​လည်​ကြိုး​ကို​ချွတ်​လော့။

တိုး​တိုး​ပြော၍ မ​န္တန်​သ​ရ​ဇ္ဈာယ်​တတ်​သော နတ်​ဝင်​နှင့် စုန်း​တို့၌ ဆည်း​ကပ်​ကြ​လော့​ဟု သင်​တို့​အား ဆို​လျှင်​မူ​ကား၊ လူ​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်​အပ်​သ​လော။ အ​သက်​ရှင်​သော​သူ၏​အ​မှု​မှာ အ​သက်​သေ​သော​သူ၌ ဆည်း​ကပ်​အပ်​သ​လော။

သူ၌ မ​စင်​ကြယ်​သော လ​က္ခ​ဏ​ထင်​ရှား​သော်​လည်း၊ နောက်​ခံ​ရ​သော​အ​ပြစ်​ကို မ​အောက်​မေ့။ ထို​ကြောင့်၊ မျက်​နှာ​ပေး​သော​သူ မ​ရှိ​ဘဲ အံ့​ဩ​ဖွယ်​သော အ​ခြင်း​အ​ရာ​နှင့် နှိမ့်​ချ​ခြင်း​သို့​ရောက်​လေ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ ရန်​သူ​သည် ကိုယ်​ကို ချီး​မြှောက်​ပါ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ