Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 29:3

Judson Bible

ငါ​သည် သင့်​ပတ်​ဝန်း​ကျင်၌ တပ်​ချ​မည်။ မြေ​ရိုး​နှင့် ဝိုင်း​ထား၍၊ မြေ​က​တုပ်​များ​ကို​လည်း တူး​လုပ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​ဖန် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် တာ​တန်၊ ရာ​ဗ​သာ​ရိတ်၊ ရာ​ဗ​ရှာ​ခ​တို့​ကို များ​စွာ​သော ဗိုလ်​ခြေ​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့၊ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့ စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ရောက်​သော​အ​ခါ၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ ရပ်​နေ​ကြ၏။

သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ သူ​သည် ဤ​မြို့​သို့​မ​ဝင်​ရ။ မြို့​ထဲ​သို့ မြား​ကို​မ​ပစ်​ရ။ မြို့​ရှေ့​မှာ ဒိုင်း​လွှား​ကို​မ​ပြ​ရ။ မြို့​ပြင်​မှာ မြေ​ရိုး​ကို​မ​ဖို့​ရ။

ဇိ​အုန်​သ​တို့​သ​မီး​သည်​လည်း၊ စ​ပျစ်​ဥ​ယျာဉ်​၌ တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​၌ လင့်​စင်​ကဲ့​သို့​လည်း​ကောင်း၊ ရန်​သူ​ဝိုင်း​သော​မြို့​ကဲ့​သို့​လည်း​ကောင်း ကျန်​ရစ်​လေ​၏။

ဝက်​ခွ​တိုင်၌ တုံး​တို့​ကို ဆွဲ​ထား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လုပ်​ကြံ​ခြင်း​အ​မှု​ကို​မှာ​ထား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွေး​ကြော်​အော်​ဟစ် စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြို့တံခါးတစ်ဖက်တစ်ချက်ဝက်ခွတိုင်၌ တုံးတို့ကိုဆွဲထားစေခြင်းငှာလည်းကောင်း၊ မြေရိုးကိုဖို့စေခြင်းငှာလည်းကောင်း၊ ရဲ​တိုက်​ကို ဆောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လက်​ယာ​ဘက်၌ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ဗေ​ဒင်​တွက်၍ နေ​ရာ​ကျ၏။

ထို​မင်း​ကြီး​သည်​ကြား​လျှင် အ​မျက်​ထွက်၍ စစ်​ချီ​စေ​သ​ဖြင့်၊ လူ​အ​သက်​ကို​သတ်​သော ထို​သူ​တို့​ကို အ​ပြီး​လုပ်​ကြံ၍ သူ​တို့၏​မြို့​ကို မီး​ရှို့​လေ၏။

သို့​ရာ​တွင် မ​စား​ရ​သော​သစ်​ပင်​တို့​ကို ခုတ်​လှဲ၍၊ သင်​နှင့်​စစ်​တိုက်​သော​မြို့​ကို မ​အောင်​မီ​တိုင်​အောင်၊ စစ်​တိုက်​ရာ​တန်​ဆာ​တို့​ကို ဆောက်​လုပ်​ရ​သော​အ​ခွင့်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ