Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 28:9

Judson Bible

သူ​တို့​က၊ အ​ဘယ်​သူ​ကို ပ​ညာ​သွန်​သင်​ချင်​သ​နည်း။ အ​ဘယ်​သူ​ကို တ​ရား​နား​လည်​စေ​ချင်​သ​နည်း။ ငါ​တို့​သည် နို့​နှင့် ကွာ​စ​ရှိ​သော​သူ၊ အ​မိ​သား​မြတ်​နှင့် အ​နိုင်​ကွာ​ရ​သော​သူ ဖြစ်​ကြ​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​သည် အ​မိ​နို့​နှင့် ကွာ​သော သူ​ငယ်​ကဲ့​သို့၊ ကိုယ်​စိတ်​ကို​ဖြေ၍ ငြိမ်း​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​စိတ်​နှ​လုံး​သည် နို့​ကွာ​သော​သူ​ငယ်​ကဲ့​သို့ ဖြစ်​ပါ၏။

ဆုံး​မ​သွန်​သင်​ခြင်း​ကို သင်​သည်​မုန်း၍ ငါ့​စ​ကား​ကို သင့်​နောက်၌ ပစ်​ထား​ပါ​သည်​တ​ကား။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပ​ညာ​အ​တတ်​ကို မုန်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကို အ​လို​မ​ရှိ​ကြ။

များ​ပြား​သော​သူ​တို့​က​လည်း၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင့်​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်း​ခ​ရီး​တော်​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​တို့​သည် ခြေ​တော်​ရာ​သို့​လိုက်​သွား​ကြ​မည်​ဟု ခ​ရီး​သွား​လျက် ပြော​ဆို​ကြ​လိမ့်​မည်။ တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ သူ၏​ဘု​ရား​သ​ခင်​သည် စီ​ရင်​တတ်​သော ဉာဏ်​ကို​ပေး​တော်​မူ၏။ သူ့​ကို​လည်း သွန်​သင်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဒု​က္ခ​မုန့်​ကို​ကျွေး၍၊ ဆင်း​ရဲ​ခြင်း​ရေ​ကို တိုက်​တော်​မူ​သော်​လည်း၊ သင်၏​ဆ​ရာ​တို့​သည် နောက်​တစ်​ဖန် ပုန်း​ရှောင်၍ မ​နေ​ရ​ကြ။ ကိုယ်​မျက်​စိ​နှင့် ကိုယ်​ဆ​ရာ​တို့​ကို မြင်​ရ​လိမ့်​မည်။

သင့်​ကို ရွေး​နုတ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်၏​အ​ကျိုး​နှင့် ယှဉ်​သော​အ​ရာ​ကို သွန်​သင်၍၊ သင်​သွား​အပ်​သော​လမ်း​ဖြင့် ပို့​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ငါ​သည် ပင်​ပန်း​သော​သူ​အား မ​စ​ခြင်း​ငှာ စ​ကား​ပြော​တတ်​မည်​အ​ကြောင်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​တတ်၏​နှုတ်​သ​တ္တိ​ကို ငါ့​အား​ပေး​တော်​မူ​ပြီ။ နံ​နက်​အ​စဉ်​အ​တိုင်း ငါ့​ကို​နှိုး​တော်​မူ၏။ စာ​သင်​သော​သူ​ကဲ့​သို့ နား​ထောင်​စေ​မည်​အ​ကြောင်း ငါ့​နား​ကို နှိုး​ဆော်​တော်​မူ၏။

ငါ​တို့​ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ ယုံ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် အ​ဘယ်​သူ​အား ထင်​ရှား​တော်​မူ​သ​နည်း။

သင်၏​သား​သ​မီး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်၍၊ များ​စွာ​သော စည်း​စိမ်​ချမ်း​သာ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့ ရှိ​ရာ​သို့ သွား၍၊ သင်​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​အံ့​သော​ငှာ ဆုံး​မ​ခြင်း​ကို မ​ခံ​ကြ​သ​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။

ပ​ရော​ဖက်​တို့​သည် မ​ဟုတ်​မ​မှန်​ဟော​ပြော​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝန်​ခံ၍ အ​စိုး​ရ​ကြ၏။ ထို​သို့​သော​အ​မှု​ကို ငါ၏​လူ​တို့​သည် နှစ်​သက်​ကြ၏။ ထို​အ​မှု​ဆုံး​သော​အ​ခါ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​လိမ့်​မည်​နည်း။

သူ​တို့​သည် နား​ထောင်​မည်​အ​ကြောင်း၊ အ​ဘယ်​သူ​ကို ငါ​ပြော၍ သ​တိ​ပေး​ရ​မည်​နည်း။ သူ​တို့​နား​သည် အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သော နား​ဖြစ်၍၊ သူ​တို့​သည် နား​မ​ထောင်​နိုင်​ကြ။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် သူ​တို့​ကဲ့​ရဲ့​စ​ရာ​ဖြစ်၏။ ထို​နှုတ်​က​ပတ်​တော်​ကို မ​နှစ်​သက်​ကြ။

ထို​အ​ခါ ယေ​ရှု​က၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ​သော​အ​ဘ၊ ကိုယ်​တော်​သည် ပ​ညာ​အ​လိ​မ္မာ​နှင့် ပြည့်​စုံ​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို ထိမ်​ဝှက်​ကွယ်​ထား​လျက် သူ​ငယ်​တို့​အား ဖော်​ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ် ချီး​မွမ်း​ပါ၏။-

ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့​မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့​မ​ဝင်​ရ​ဟု မိန့်​တော်​မူ​ပြီး​မှ၊-

ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် အ​ဘယ်​သူ​အား ထင်​ရှား​တော်​မူ​သ​နည်း ဟူ​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။-

အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြောင်း​ကား၊ အ​လင်း​သည် ဤ​လော​က​သို့​ဝင်၍၊ လူ​တို့​သည် မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​ကြောင့်၊ အ​လင်း​ထက် မှောင်​မိုက်​ကို သာ၍​နှစ်​သက်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ