Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 28:3

Judson Bible

ဧ​ဖ​ရိမ်​အ​မျိုး သေ​သောက်​ကြူး​တို့၏ မာ​န​သ​ရ​ဖူ​သည်၊ ကျော်​နင်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယေ​ဟု​က၊ သူ့​ကို​တွန်း​ချ​လိုက်​ဟု ဆို​သည်​အ​တိုင်း တွန်း​ချ​သ​ဖြင့်၊ သူ၏​အ​သွေး​သည် နန်း​တော်​ထ​ရံ​အ​ပေါ်၌​လည်း​ကောင်း၊ မြင်း​တို့​အ​ပေါ်၌​လည်း​ကောင်း စဥ်၏။ ယေ​ဟု​သည် သူ့​ကိုယ်​ကို နင်း​လေ၏။ အ​ထဲ​သို့​ဝင်၍၊

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဤ​တောင်​ပေါ်​မှာ​ငြိမ်း​လိမ့်​မည်။ ကောက်​ရိုး​သည် နောက်​ချေး​ရွှံ့​ဗွက်၌ နှိပ်​နင်း​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊ မော​ဘ​ပြည်​သည် မိ​မိ၌​နှိပ်​နင်း​တော်​မူ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ကျော်​နင်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဆင်း​ရဲ​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​တို့​သည် ကျော်​နင်း​ကြ​လိမ့်​မည်။

စ​ပျစ်​ရည်​နှင့် ယစ်​မူး​သော​သူ​တို့၏​နေ​ရာ ကြွယ်​ဝ​သော ချိုင့်​ဦး​တွင်၊ ဧ​ဖ​ရိမ်​အ​မျိုး သေ​သောက်​ကြူး​တို့၏ မာ​န​သ​ရ​ဖူ​နှင့်၊ သူ​တို့၌ ညှိုး​နွမ်း​တတ်​သော ဘုန်း​အ​သ​ရေ၏​ပန်း​ပွင့်​သည် အ​မင်္ဂ​လာ​ရှိ၏။

သင်​တို့​သည် သေ​မင်း​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ပျက်​လိမ့်​မည်။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ခြင်း​သည် အ​ထ​မ​မြောက်​ရ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ သင်​တို့​ကို​လည်း ကျော်​နင်း​လိမ့်​မည်။

သေ​ရည်​သေ​ရက်​ကို သောက်​အံ့​သော​ငှာ၊ နံ​နက် စော​စော​ထ၍ စ​ပျစ်​ရည်​နှင့် ယစ်​မူး​အံ့​သော​ငှာ၊ ည​ကို​လည်း လွန်​စေ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

စ​ပျစ်​သီး​ကို ငါ​တစ်​ယောက်​တည်း နင်း​နယ်​ရ​ပြီ။ လူ​များ​အ​ထဲ​က တစ်​ယောက်​မျှ​မ​ပါ။ သူ​တို့​ကို ငါ​အ​မျက်​ထွက်၍ ကျော်​နင်း​ပြီ။ ပြင်း​စွာ​အ​မျက်​ထွက်၍ နှိပ်​နင်း​ပြီ။ သူ​တို့​အ​သွေး​သည် ငါ့​အ​ဝတ်​ပေါ်​မှာ ဖျန်း​လျက်​ရှိ​ပြီ။ ငါ့​အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​ကို ငါ​ဆိုး​ပြီ။

အုတ်​ရိုး​ပြို​သော်​လည်း၊ ဆစ်​သော​ကျောက်​နှင့် တည်​ပြန်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​သူ​ရဲ​အ​ပေါင်း​တို့​ကို ငါ့​အ​လယ်၌ ကျော်​နင်း​တော်​မူ​ပြီ။ ငါ၏​လူ​ပျို​တို့​ကို နှိပ်​စက်​ခြင်း​ငှာ လူ​အ​လုံး​အ​ရင်း​ကို ခေါ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​သ​တို့​သ​မီး​က​ညာ​ကို စ​ပျစ်​သီး​နယ်​ရာ​ကျင်း၌ နင်း​နယ်​တော်​မူ​ပြီ။

ထို​အ​ခါ သန့်​ရှင်း​သူ​တစ်​ပါး၏ စ​ကား​ပြော​သံ​ကို ငါ​ကြား၏။ သန့်​ရှင်း​သူ​တစ်​ပါး​က၊ ယ​ခင်​ပြော​သော​သူ​ကို ဟစ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​နှင့် ဗိုလ်​ခြေ​ကို နင်း​ခြင်း​အ​လို​ငှာ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ခြင်း​နှင့်​လည်း​ကောင်း၊ ဖျက်​ဆီး​တတ်​သော လွန်​ကျူး​ခြင်း​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တည်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​လျှင်၊

ထို​မျှ​မ​က၊ ဘု​ရား​သ​ခင်၏ သား​တော်​ကို ခြေ​ဖြင့်​ကျော်​နင်း​လျက်၊ မိ​မိ​ကို​စင်​ကြယ်​စေ​သော ပ​ဋိ​ညာဉ်​တ​ရား၏ သွေး​ကို အ​ပြစ်​တင်​လျက်၊ ဆု​ကျေး​ဇူး​ကို​ပေး​သော ဝိ​ညာဉ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​လျက်​ရှိ​သော​သူ​သည်၊ အ​ဘယ်​မျှ​လောက် ကြီး​စွာ​သော​ဒဏ်​ဖြင့် ခံ​ထိုက်​သည်​ကို သင်​တို့ ထင်​ကြ​သ​နည်း။-

ဗိ​မာန်​တော်​တံ​တိုင်း​ကို မ​တိုင်း​နှင့်၊ ပယ်​ထား​လော့။ တစ်​ပါး​အ​မျိုး​သား​တို့၌ အပ်​ပေး​ပြီ။ သူ​တို့​သည် သန့်​ရှင်း​သော မြို့​တော်​ကို၊ လ လေး​ဆယ်​နှစ်​လ​ပတ်​လုံး နင်း​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ