Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 25:5

Judson Bible

သွေ့​ခြောက်​သော အ​ရပ်၌ နေ​အ​ရှိန်​ကို​ကဲ့​သို့၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​တို့၏ အ​သံ​ဗ​လံ​ကို ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။ ထူ​ထပ်​သော မိုး​တိမ်​အား​ဖြင့် နေ​အ​ရှိန်​ပျောက်​သ​ကဲ့​သို့၊ ကြောက်​မက်​ဖွယ်​သော​သူ​တို့၏​သီ​ချင်း​သံ ပျောက်​ရ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အ​ပေါ်​မှာ မိုး​တိမ်​ကို​ဖြန့်​မိုး၍၊ ည​အ​ခါ​လင်း​စ​ရာ​ဖို့ မီး​ကို​ပေး​တော်​မူ၏။

ထို​လော​ကီ​နိုင်​ငံ၏​အ​ပြစ်​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့၏​ဒု​စ​ရိုက်​များ​ကို​လည်း​ကောင်း ငါ​စစ်​ကြော​မည်။ မာ​န​ကြီး​သော​သူ​တို့၏​ထောင်​လွှား​ခြင်း​ကို ငါ​နှိပ်​စက်၍၊ ကြမ်း​ကြုတ်​သော​သူ​တို့၏ စော်​ကား​ခြင်း​ကို ငါ​နှိမ့်​ချ​မည်။

သင့်​ကို​မူ​ကား၊ ရွံ​ရှာ​ဖွယ်​သော​သစ်​ခက်​ကဲ့​သို့ သင်္ချိုင်း​ထဲ​က ထုတ်​ပစ်​ရ၏။ ကွပ်​မျက်​သော​သူ၊ ဓား​ဖြင့်​ထိုး​သော​သူ၊ သင်္ချိုင်း​တွင်း၌ ကျောက်​စု​ထဲ​သို့​ချ​သော​သူ​များ​နှင့် ဖုံး​အုပ်​လျက်၊ ခြေ​ဖြင့်​ကျော်​နင်း​သော အ​သေ​ကောင်​ဖြစ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ နေ​အ​ရောင်​ထဲ​မှာ ကြည်​လင်​သော အ​ရှိန်​ကဲ့​သို့​လည်း​ကောင်း၊ အ​သီး​အ​နှံ​ကို သိမ်း​ယူ​ရာ ပူ​သော​ကာ​လ၌ နှင်း​နှင့်​ပြည့်​စုံ​သော မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ ငါ​သည်​ကျိန်း​ဝပ်၍ ငါ့​နေ​ရာ​အ​ရပ်​မှာ ကြည့်​ရှု​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ခဲ​ဖွယ်​စား​ဖွယ်​ပွဲ၊ ဟောင်း​သော စ​ပျစ်​ရည်​ပွဲ​တည်း​ဟူ​သော၊ ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်၊ ကောင်း​မွန်​စွာ​စစ်​သော စ​ပျစ်​ရည်​ဟောင်း​ကို လူ​ခပ်​သိမ်း​တို့​အ​ဖို့ ဤ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​လိမ့်​မည်။

သူ​တို့​သည် ရေ​စာ​ကို မ​ငတ်​မ​မွတ်​ရ။ အ​ပူ​ကို​လည်း မ​ခံ​ရ​ကြ။ နေ​ရောင်​ခြည် မ​ထိ​ရ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ကို သ​နား​သော​သူ​သည် သူ​တို့​ကို ပို့​ဆောင်၍၊ စမ်း​ရေ​တွင်း​အ​နား​သို့​လမ်း​ပြ​လိမ့်​မည်။

သင်​သည် မိုး​သက်​မုန်​တိုင်း​ကဲ့​သို့ တက်​လာ၍၊ သင်၌​ပါ​သ​မျှ​သော တပ်​သား​အ​လုံး​အ​ရင်း​နှင့်​တ​ကွ၊ ထို​ပြည်​ကို မိုး​အုံ့​သ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ