Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 24:9

Judson Bible

သီ​ချင်း​ဆို​လျက် စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။ သေ​ရည်​သေ​ရက်​ကို သောက်​သော​သူ​တို့​သည် ပါး​စပ်​ခါး​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရုံး၌ ထိုင်​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်​မှာ​ပြော​ဆို၍၊ သေ​သောက်​ကြူး​တို့​သည် အ​ကျွန်ုပ်​ကို အ​ကြောင်း​ပြု​လျက် တေး​ဖွဲ့၍ ဆို​တတ်​ကြ​ပါ၏။

သွား​လော့။ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​စား​လော့။ ရွှင်​လန်း​သော​စိတ်​နှင့် စ​ပျစ်​ရည်​ကို​သောက်​လော့။ သင်​ပြု​သော​အ​မှု​တို့​ကို ဘု​ရား​သ​ခင်​ဝန်​ခံ​တော်​မူ၏။

မ​ကောင်း​ကို​အ​ကောင်း၊ အ​ကောင်း​ကို​မ​ကောင်း​ဟု ခေါ်​တတ်​သော​သူ၊ အ​လင်း​အ​ရာ၌ အ​မိုက်၊ အ​မိုက်​အ​ရာ၌ အ​လင်း​ကို​လည်း​ကောင်း၊ အ​ချို​အ​ရာ၌ အ​ခါး၊ အ​ခါး​အ​ရာ၌ အ​ချို​ကို​လည်း​ကောင်း၊ အ​လွဲ​ယူ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

စ​ပျစ်​ရည်​ကို များ​စွာ​သောက်​နိုင်​သော​သူ၊ ဆေး​နှင့်​ရော​သော သေ​ရည်​သေ​ရက်​ကို​သောက်​ခြင်း​အ​မှု၌၊ အား​ကြီး​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

သင်​ဆို​သော​သီ​ချင်း​သံ​ကို ငါ​ငြိမ်း​စေ၍၊ သင်​တီး​သော​စောင်း​သံ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ​မ​ကြား​ရ။

သင်​တို့​ပွဲ​ခံ​ခြင်း​ကို ညည်း​တွား​ခြင်း ဖြစ်​စေ​မည်။ သီ​ချင်း​ဆို​ခြင်း​ရှိ​သ​မျှ​ကို ငို​ကြွေး​ခြင်း​ဖြစ်​စေ​မည်။ လူ​အ​ပေါင်း​တို့​သည် လျှော်​တေ​အ​ဝတ်​နှင့် ခါး​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆံ​ပင်​ကို ရိတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​စီ​ရင်​မည်။ တစ်​ယောက်​တည်း​သော​သား သေ​သည်​အ​တွက် မြည်​တမ်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဆုံး၌ ခါး​စွာ​သော နေ့​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။

ထို​ကာ​လ၌ နန်း​စဉ်​က​ချေ​သည်​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ များ​စွာ​သော အ​သေ​ကောင်​ရှိ၍၊ လူ​တို့​သည် တိတ်​ဆိတ်​စွာ ပစ်​ချ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ကွယ်​ကာ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ကိုက်​စား၍ လက်​လွှဲ​ကျောက်​တို့​ကို ကျော်​နင်း​ကြ​လိမ့်​မည်။ သောက်​ပြီး​လျှင်၊ စ​ပျစ်​ရည်​နှင့် ဝ​သ​ကဲ့​သို့ ကြွေး​ကြော်​ကြ​လိမ့်​မည်။ အင်​တုံ​ကဲ့​သို့​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ထောင့်​ကဲ့​သို့​လည်း​ကောင်း ပြည့်​ဝ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ