Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 24:18

Judson Bible

ကြောက်​လန့်​ဖွယ်​သော​အ​ရာ​မှ ပြေး​သော​သူ​သည် မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ လွတ်​သော​သူ​သည် ကျော့​ကွင်း၌ ကျော့​မိ​လိမ့်​မည်။ ကောင်း​ကင်​ပြွန်​ဝ​ပွင့်​လျက်​ရှိ၍၊ မြေ​ကြီး​အ​မြစ်​လည်း လှုပ်​ရှား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ထက်၊ အ​ထံ​တော်​မှ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​အ​ပေါ်​သို့ ကန့်​နှင့် မီး​မိုး​ကို ရွာ​စေ​တော်​မူ​၏။

နော​ဧ​အ​သက်​ခြောက်​ရာ​စေ့​သော​နှစ်၊ ဒု​တိ​ယ​လ၊ ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ကြီး​စွာ​သော နက်​နဲ​ရာ ရေ​ပေါက်​ရေ​တွင်း​တို့၏ အ​ဆီး​အ​တား​ရှိ​သ​မျှ​ကို​ပယ်​ရှင်း၍၊ မိုး​ကောင်း​ကင်​ပြွန်၀​များ​ကို ဖွင့်​သ​ဖြင့်၊

ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော​အ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြတင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော၏။

သံ​လက်​နက်​ကို ရှောင်၍​ပြေး​သော်​လည်း၊ ကြေး​ဝါ​လေး​ဖြင့် ထုတ်​ချင်း​ခွင်း​လိမ့်​မည်။

ထို​အ​ခါ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ပြစ်​တင်၍ နှာ​ခေါင်း​တော်​ထဲ​က အ​သက်​ရှူ​တော်​မူ​သော​အား​ဖြင့်၊ သ​မု​ဒ္ဒ​ရာ​အောက်​ပြင်​နှင့် လော​က​တိုက်​မြစ်​တို့​သည် ပွင့်​လစ်​ထင်​ပေါ်​လျက်​ရှိ​ကြ၏။

ထို​အ​ခါ အ​မျက်​တော်​ထွက်​သော​အား​ဖြင့် မြေ​ကြီး​တုန်​လှုပ်၍၊ တောင်​အ​မြစ်​တို့​သည် တ​ရွေ့​ရွေ့​လှုပ်​ရှား​ကြ၏။

နှာ​ခေါင်း​တော်​ထဲ​က မီး​ခိုး​ထွက်၍၊ နှုတ်​တော်​ထဲ​က မီး​လောင်​သော​အား​ဖြင့်၊ မီး​ခဲ​တောက်​လေ၏။

လူ​သည် မိ​မိ​ကာ​လ​အ​ချိန်​ကို မ​သိ​တတ်။ ဘေး​ပြု​ရာ ပိုက်​ကွန်​အုပ်​မိ​သော​ငါး​ကဲ့​သို့​လည်း​ကောင်း၊ ကျော့​ကွင်း၌ ကျော့​မိ​သော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​သား​တို့​သည် ဘေး​ပြု​ရာ​ကာ​လ​ထဲ​သို့ အ​မှတ်​တ​မဲ့​ရောက်၍ ကျော့​မိ​တတ်​ကြ၏။

သို့​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ဒေါ​သ​အ​မျက်​တော်​ပြင်း​စွာ​ထွက်​သော​နေ့​ရက်၌၊ မိုး​ကောင်း​ကင်​ကို ငါ​လှုပ်​ရှား​မည်။ မြေ​ကြီး​လည်း မိ​မိ​နေ​ရာ​မှ ရွေ့​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ခြောက်​လှန့်​အံ့​သော​ငှာ​ထ​တော်​မူ​သော​အ​ခါ၊ ထို​ဘု​ရား​ကို ကြောက်​ခြင်း​အ​ရှိန်၊ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​အ​ရှိန်​ကြောင့် လူ​တို့​သည် ကျောက်​တွင်း၊ မြေ​တွင်း​ထဲ​သို့ ဝင်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ခြောက်​လှန့်​အံ့​သော​ငှာ ထ​တော်​မူ​သော​အ​ခါ၊ ထို​ဘု​ရား​ကို ကြောက်​ခြင်း​အ​ရှိန်၊ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​အ​ရှိန်​ကြောင့် ကျောက်​တွင်း၊ ချောက်​ကြား​ထဲ​သို့ ပြေး​ဝင်​ကြ​လိမ့်​မည်။

ဤ​လူ​မျိုး​သည် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​သော​အ​မျိုး ဖြစ်၏။ ရှိ​သ​မျှ​တို့​သည် တွင်း၌​အ​ချုပ်​ခံ​ရ၍၊ ထောင်​ထဲ​မှာ ပုန်း​ကွယ်​လျက်​နေ​ကြ၏။ ဖျက်​ဆီး​ရာ​ဖြစ်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ။ လု​ယူ​ရာ​ဖြစ်​သော​အ​ခါ၊ ပြန်​ပေး​လော့​ဟု အ​ဘယ်​သူ​မျှ​မ​ဆို။

ထို​သို့​ပြု​လျှင်၊ ထို​ဘု​ရား​သည် သင်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​နှစ်​မျိုး​တို့ ထိ​မိ၍​လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၌ ကျော့​ကွင်း​နှင့် ထောင်​ချောက် ဖြစ်​တော်​မူ​လိမ့်​မည်။

အို မော​ဘ​အ​မျိုး​သား၊ သင်​သည်​ကြောက်​လန့်​ဖွယ်​သော​အ​ရာ၊ မြေ​တွင်း၊ ကျော့​ကွင်း​ထဲ​သို့ ရောက်​လေ​ပြီ။

ကြောက်​လန့်​ဖွယ်​သော​အ​ရာ​မှ ပြေး​သော​သူ​သည် မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ လွတ်​သော​သူ​သည် ကျော့​ကွင်း၌ ကျော့​မိ​လိမ့်​မည်။ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​နှစ်​ကာ​လ​ကို မော​ဘ​ပြည်​သို့ ငါ​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ကျွန်ုပ်​တို့​သည် ကြောက်​လန့်​ဖွယ်​သော​အ​ရာ​ထဲ​သို့​လည်း​ကောင်း၊ တွင်း​ထဲ​သို့​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း ဖျက်​ဆီး​ခြင်း​ထဲ​သို့​လည်း​ကောင်း ရောက်​ကြ​ပါ​ပြီ။

သင်​တို့​သည် ဓား​ကို​ကြောက်​သည်​ဖြစ်၍၊ ငါ​သည် ထို​ဓား​ကို သင်​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​မင်း​ကို​လည်း ငါ၏​ပိုက်​ကွန်​နှင့်​အုပ်​၍၊ ငါ​၏​ကျော့​ကွင်း​၌ ကျော့​မိ​စေ​မည်။ ခါ​လ​ဒဲ​ပြည် ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​မည်။ ထို​မြို့​၌ သေ​ရ​သော်​လည်း မြို့​ကို​မ​မြင်​ရ။

သူ​တို့​တစ်​ဖက်၌ ငါ​သည် မျက်​နှာ​ကို​ထား​မည်။ သူ​တို့​သည် မီး​တစ်​ပုံ​မှ​ထွက်၍ တစ်​ပုံ၌​လောင်​လိမ့်​မည်။ သူ​တို့​တစ်​ဖက်၌ ငါ​သည် မျက်​နှာ​ကို ထား​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​ကို တောင့်​တ​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သင်​တို့​သည် အ​ဘယ် အ​ကျိုး​ရှိ​ကြ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် သင်​တို့၌ လင်း​သည်​မ​ဟုတ်၊ အ​မိုက်​ဖြစ်​လိမ့်​မည်။

လူ​သည် ခြင်္သေ့​ရှိ​ရာ​မှ​ပြေး၍ ဝံ​ကို​တွေ့​သ​ကဲ့​သို့​လည်း​ကောင်း၊ အိမ်​ထဲ​သို့​ဝင်၍ ထ​ရံ​ကို​မှီ​စဉ် မြွေ​ကိုက်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ