ဤမြို့သည် ရှေးကာလ၌တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော။ ဝေးသောအရပ်၌ တည်းခိုခြင်းငှာ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ၏။
ကျွန်တို့သည် မြင်းကိုစီး၍ မှူးမတ်တို့သည် ကျွန်ကဲ့သို့ မြေပေါ်မှာ ခြေဖြင့်သွားရသောအမှုကို ငါမြင်လေပြီ။
အထက်က အသံဗလံများ၍ အုတ်အုတ်ကျက်ကျက် ပြုတတ်သောမြို့၊ ရွှင်လန်းသောမြို့၊ သင်၏လူသေတို့သည် ဓားလက်နက်ကြောင့် ဆုံးကြသည်မဟုတ်။ စစ်တိုက်ရာမှာ သေကြသည်မဟုတ်။
ငါ့လူတို့၏ မြေကိုလည်းကောင်း၊ ဝမ်းမြောက်သောအိမ်နှင့် ရွှင်လန်းသော မြို့ကိုလည်းကောင်း၊ ဆူးပင်အမျိုးမျိုးတို့သည် တက်၍ လွှမ်းမိုးကြလိမ့်မည်။
ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင်အောင် ပင်လယ်၌ဆုံးလေ၏။