များသောရေကို အမှီပြုသော ရှိဟောရမျိုးစေ့၊ မြစ်၏အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ။
ထိုသို့ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော်ကို၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှာ အဲဂုတ္တုပြည်အနား၊ ရှိဟောရမြစ်မှစ၍ ဟာမတ်မြို့လမ်းဝတိုင်အောင်နေသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊
မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာပေါက်သော မြက်ပင်အစရှိသော၊ မြစ်နားမှာစိုက်သမျှတို့သည် ညှိုးနွမ်းပျက်စီး ပပျောက်ကြလိမ့်မည်။
တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကားရောင်းဝယ်သော သူတို့သည် မြေကြီးမှူးမတ်ဖြစ်လျက်၊ ထိုမြို့တစ်ဖက်၌ အဘယ်သူသည် ဤအကြံကို ကြံစည်သနည်း။
ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကိုကြဲ၍၊ နွားခြေနှင့် မြည်းခြေတို့ကို လွှတ်တတ်သော သင်တို့သည် မင်္ဂလာရှိကြ၏။
ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက်အံ့သောငှာ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှာ၊ အာရှုရိလမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။
သင်၏ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့်ထွက်သွားသောအခါ၊ လူမျိုးများတို့ကို ရောင့်ရဲစေ၍၊ များပြားသောဥစ္စာ၊ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ်၏။
ကိုယ်ဉာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကို ဆည်းပူးပြီ။
သင်တို့သည် ငါ့ရွှေငွေကိုယူ၍၊ ငါနှစ်သက်ဖွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့်လည်းကောင်း၊
သင်တို့သွား၍ ဝင်စားလတ္တံ့သောပြည်သည်ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်းရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။
အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက်မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသောပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇောတိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊