Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 23:17

Judson Bible

အ​နှစ်​ခု​နစ်​ဆယ်​လွန်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် တု​ရု​မြို့​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​လိမ့်​မည်။ သူ​သည်​လည်း တစ်​ဖန် အ​မြတ်​ရ​သော ဘာ​သာ​သို့​လိုက်​ပြန်၍၊ မြေ​ကြီး​မျက်​နှာ​ပေါ်​မှာ ရှိ​သ​မျှ​သော လော​ကီ​နိုင်​ငံ​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ၌ တု​ရု​မြို့​ကို၊ မင်း​ဆက်​တစ်​ဆက် အ​တိုင်း​အ​ရှည်၊ အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး၊ အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ရ။ အ​နှစ် ခု​နစ်​ဆယ်​လွန်​သော​အ​ခါ၊ ပြည့်​တန်​ဆာ​မိန်း​မ​အား သီ​ချင်း​ဆို​သ​ကဲ့​သို့၊ တု​ရု​မြို့​အား သီ​ချင်း​ဆို​လိမ့်​မည်။

အ​ဘယ်​သူ​မျှ မ​အောက်​မေ့​သော ပြည့်​တန်​ဆာ​မိန်း​မ၊ စောင်း​ကို​ကိုင်၍ မြို့​တွင်​လှည့်​လည်​လော့။ သူ​တစ်​ပါး​တို့​သည် သင့်​ကို သ​တိ​ရ​စေ​ခြင်း​ငှာ၊ သာ​ယာ​သော​အ​သံ​နှင့် တီး၍၊ သီ​ချင်း​ကို များ​စွာ​ဆို​လော့။

ဤ​ပြည်​တစ်​လျှောက်​လုံး​သည် လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ဤ​လူ​မျိုး​တို့​သည် အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​လိမ့်​မည်။

တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​မြို့၌ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ သင်​တို့​ကို ငါ​အ​ကြည့်​အ​ရှု ကြွ​လာ​မည်။ ငါ​ထား​သော က​တိ​ကောင်း​ကို တည်​စေ၍၊ သင်​တို့​ကို ဤ​ပြည်​သို့ ငါ​ပို့​ဆောင်​ဦး​မည်။

သင်​သည် မြင့်​သော​အ​ရပ်​ကို လမ်း​ဦး​တိုင်း​လုပ်၍၊ ကိုယ်​လှ​သော​အ​ဆင်း​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​သည်​တိုင်​အောင်​ပြု​လျက်၊ ခ​ရီး​သွား​သော​သူ​အ​ပေါင်း​တို့​အား ပေါင်​တို့​ကို​ခွာ​ဖွင့်၍၊ မ​တ​ရား​သော​မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ၏။

ဆူ​ဖြိုး​သော သင်၏​အိမ်​နီး​ချင်း​အဲ​ဂု​တ္တု​လူ​တို့​နှင့် မှား​ယွင်း၍၊ ငါ့​အ​မျက်​ကို​နှိုး​ဆော်​လျက်၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ၏။

သင်၏​ကု​ဋီ​တိုက်​ကို ခပ်​သိမ်း​သော​လမ်း၌​တည်၍၊ လမ်း​ရှိ​တိုင်း မြင့်​သော​အ​ရပ်​ကို လုပ်​သ​ဖြင့်၊ အ​ခ​ကို​ငြင်း​သော​ကြောင့် ပြည့်​တန်​ဆာ​နှင့် မ​တူ။

သို့​ဖြစ်၍၊ သင်​ဆည်း​ပူး​သော​ဥ​စ္စာ၊ သင့်​အ​လယ်၌​သွန်း​သော အ​သွေး​ကြောင့် ငါ​လက်​ခုပ်​တီး၏။

ခပ်​သိမ်း​သော ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့​မည်။ သူ​ငှား​လုပ်၍ ရ​သ​မျှ​သော​အ​ခ​တို့​ကို မီး​ရှို့​မည်။ မှား​သော​ဘု​ရား​ရှိ​သ​မျှ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​မည်။ ပြည့်​တန်​ဆာ​လုပ်၍ ဥ​စ္စာ​ကို​ဆည်း​ပူး​သည်​ဖြစ်၍၊ ထို​ဥ​စ္စာ​သည် ပြည့်​တန်​ဆာ​လက်​သို့ တစ်​ဖန်​ရောက်​ရ​ဦး​မည်။

မင်း​တို့​သည် လက်​ဆောင်​ကို ရ​ခြင်း​ငှာ​သာ တ​ရား​မှု​ကို စီ​ရင်​တတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​ခ​ကို​ရ​ခြင်း​ငှာ​သာ သင်​ပေး​တတ်​ကြ၏။ ပ​ရော​ဖက်​တို့​သည် ငွေ​ကို​ရ​ခြင်း​ငှာ​သာ အ​နာ​ဂတ်​ကို ဟော​တတ်​ကြ၏။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင် ရှိ​တော်​မူ​သည် မ​ဟုတ်​လော၊ ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်​ဟု ဆို​တတ်​ကြ​သည်​တ​ကား။

အ​ဆင်း​လှ၍ ပြု​စား​တတ်​လျက်၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​နှင့် စုန်း​မ​အ​တတ်​အား​ဖြင့်၊ လူ​အ​မျိုး​မျိုး အ​နွယ်​နွယ်​တို့​ကို ကုန်​သွယ်​လုပ်​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ​သည် မ​တ​ရား​သော မေ​ထုန်​ကို ပြု​ဖန်​များ​ပြား​သော​ကြောင့်၊

ပင်​လယ်​ကမ်း​သည်​လည်း ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့ အ​ဖို့​ဖြစ်၍၊ သူ​တို့​သည် ထို​အ​ရပ်၌ ကျက်​စား​ကြ​လိမ့်​မည်။ ည​အ​ချိန်၌​လည်း အာ​ရှ​ကေ​လုန်​မြို့​ရာ​အိမ်​တို့၌ အိပ်​ကြ​လိမ့်​မည်။ သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အ​ကြည့်​အ​ရှု ကြွ​လာ၍၊ သိမ်း​သွား​ခြင်း​ဘေး​ကို ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည် မိ​မိ​နာ​မ​အ​ဖို့၊ တစ်​ပါး​အ​မျိုး​သား​တို့ အ​ထဲ​က အ​ချို့​သော​သူ​တို့​ကို နုတ်​ယူ​ခြင်း​ငှာ၊ ရှေ့​ဦး​စွာ တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ကို ရှိ​မုန်​သည် ဟော​ပြော​ခဲ့​ပြီ။-

ပြည့်​တန်​ဆာ​လုပ်၍ ရ​သော​ငွေ၊ ခွေး​ကို​ရောင်း၍ ရ​သော​ငွေ​ကို သ​စ္စာ​က​တိ​ပြေ​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ မ​သွင်း​ရ။ ထို​သို့​သော​ငွေ​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​ခြင်း၊ သူ​တစ်​ပါး​ကို​ရိုက်​ပုတ်​ခြင်း၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​ခြင်း​မ​ရှိ၊ စိတ်​ဖြည်း​ညင်း​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို မ​တပ်​မက်​သော​သူ​ဖြစ်​ရ​မည်။-

ထို​နည်း​တူ၊ သင်း​ထောက်​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​ကြ​မည်။ လျှာ​နှစ်​ခွ​နှင့်​ပြော​သော​သူ၊ စ​ပျစ်​ရည်​ကို သောက်​ကြူး​သော​သူ၊ မ​စင်​ကြယ်​သော စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ကြ။-

သင်​တို့​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ သိုး​တော်​စု​ကို ထိန်း​ခြင်း​အ​မှု​မှာ၊ အ​နိုင်​ထိန်း​ရ​သော​ကြောင့် မ​ဟုတ်၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​ကြောင့် မ​ဟုတ်​ဘဲ၊ အ​လို​လို​စေ​တ​နာ​စိတ်​ရှိ၍ ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။-

စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ဟုတ်​မှန် ဖြောင့်​မတ်​ကြ၏။ မိ​မိ​မ​တ​ရား​သော မေ​ထုန်​အား​ဖြင့် မြေ​ကြီး​ကို ပုပ်​ပျက်​စေ​သော ပြည့်​တန်​ဆာ​ကြီး​ကို စစ်​ကြော​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​ကျွန်​တို့၏ အ​သွေး​ကို သူ၏ လက်​ဖြင့်​သွန်း​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ