ဒါဝိဒ်၏မြို့ အပြိုအပျက်များသည်ကို သင်၏လူတို့သည် မှတ်ရကြလိမ့်မည်။ အောက်ရေကန်မှ ထွက်သောရေကို စုဝေးစေကြလိမ့်မည်။
ဟေဇကိပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကိုလုပ်၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
ထိုမှတစ်ပါး၊ ဟေဇကိသည် ဂိဟုန်အထက်ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိသည် ပြုလေရာရာ၌ အကြံထမြောက်၏။
သူ့နောက်မှ ဗက်ဇုရမြို့တစ်ပိုင်းကိုအုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချိုင်း တစ်ဖက်တစ်ချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်းအိမ်တိုင်အောင် ပြင်၏။
ယေရုရှလင်မြို့၌ရှိသော အိမ်များကို ရေတွက်ကြလိမ့်မည်။ မြို့ရိုးကိုပြုပြင်လိုသောငှာ၊ အိမ်များကို ဖြိုဖျက်ကြလိမ့်မည်။