Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 22:6

Judson Bible

ဧ​လံ​အ​မျိုး​သည် မြား​တောင့်​ကို ဆောင်​လျက်၊ ရ​ထား​စီး​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ​တို့​နှင့်​တ​ကွ လာ၏။ ကိ​ရ​အ​မျိုး​သည် ဒိုင်း​လွှား​ကို ထုတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ရှေ​မ​သား​ကား၊ ဧ​လံ၊ အာ​ရှုရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ​တည်း။

အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် နား​ထောင်၍ ဒ​မာ​သက်​မြို့​သို့​စစ်​ချီ၍ တိုက်​ယူ​ပြီး​လျှင်၊ ပြည်​သား​တို့​ကို ကိ​ရ​မြို့​သို့ သိမ်း​သွား၏။ ရေ​ဇိန်​မင်း​ကို​လည်း​သတ်၏။

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။

မော​ဘ​ပြည်​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည်​အာ​ရ​မြို့​သည် ပျက်​စီး၏။ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည် ကိ​ရ​မြို့​သည် ပျက်​စီး၏။

ကြောက်​မက်​ဖွယ်​သော ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ၏။ လု​ယူ​တတ်​သော​သူ​သည် လု​ယူ၏။ ဖျက်​ဆီး​တတ်​သော​သူ​သည် ဖျက်​ဆီး၏။ ဧ​လံ​ပြည်​သား​တို့၊ တက်​သွား​ကြ​လော့။ မေ​ဒိ​ပြည်​သား​တို့၊ မြို့​ကို ဝိုင်း​ထား​ကြ​လော့။ ထို​မြို့​ကြောင့်၊ သူ​တစ်​ပါး ညည်း​တွား​ခြင်း​ရှိ​သ​မျှ​ကို ငါ​ငြိမ်း​စေ၏။

သင်၏​အ​မြတ်​ဆုံး​သော ချိုင့်​တို့​သည် ရ​ထား​နှင့်​ပြည့်​ကြ၏။ မြင်း​စီး​သူ​ရဲ​တို့​သည် မြို့​တံ​ခါး​ရှေ့​မှာ တပ်​ချ​ကြ၏။

ဒ​မာ​သက်​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​ကို ချိုး​မည်။ အာ​ဝင်​ချိုင့်​သား​တို့​ကို​လည်း​ကောင်း၊ ဗေ​သေ​ဒင်​မြို့၌ မင်း​ပြု​သော​သူ​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ ရှု​ရိ​ပြည်​သား​တို့​သည် ကိ​ရ​မြို့​သို့ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ၌ ကု​ရှ​အ​မျိုး​သား​ကဲ့​သို့ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သ​ကဲ့​သို့၊ ဖိ​လိ​တ္တိ​လူ​တို့​ကို က​တ္တော​ရ​ပြည်​မှ​လည်း​ကောင်း၊ ရှု​ရိ​လူ​တို့​ကို ကိ​ရ​ပြည်​မှ​လည်း​ကောင်း ငါ​နုတ်​ဆောင်​ပြီ​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ