Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 22:25

Judson Bible

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​တွင် မြဲ​သော​အ​ရပ်၌ အ​ရင်​စွဲ​သော​တံ​စို့​သည် နေ​ရာ​မှ​ရွှေ့၍၊ ခုတ်​လှဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ၌​ဆွဲ​ထား​သော​ဥ​စ္စာ​သည်​လည်း၊ ခုတ်​ပယ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မင်း​များ​မှ​စ၍ မ​ကယ်​တင်​နိုင်​သော လူ​သား​ကို မ​ကိုး​စား​ကြ​နှင့်။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် သင့်​ကို အ​စဉ်​အ​မြဲ ချိုး​ဖျက်​ပယ်​ရှင်း​လျက်၊ သင်၏​နေ​ရာ​ထဲ​က​နှင်​ထုတ်၍၊ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ​ထဲ​က နုတ်​ပစ်​တော်​မူ​မည်။

မြဲ​သော​အ​ရပ်၌ စွဲ​သော​တံ​စို့​ကဲ့​သို့ သူ့​ကို​ငါ​စွဲ​စေ​မည်။ သူ​သည် မိ​မိ​အ​ဘ၏​အိမ်၌ ကျက်​သ​ရေ​ပ​လ္လင်​ဖြစ်​လိမ့်​မည်။

သူ၏​အ​ဘ​အိမ်၌ ရှိ​သ​မျှ​သော​ဘုန်း​အ​သ​ရေ၊ အ​မျိုး​အ​နွယ်၊ အ​မြတ်​အ​ယုတ်၊ ခွက်​ဖ​လား​ရှိ​သ​မျှ၊ အင်​တုံ၊ အိုး​အ​မျိုး​မျိုး​တို့​ကို သူ၌ ဆွဲ​ထား​ကြ​လိမ့်​မည်။

ဝေး​သော​အ​ရပ်၊ အ​ရှေ့​မျက်​နှာ​မှ ငါ၏​လက်​ထောက်​တည်း​ဟူ​သော ငှက်​ရဲ​ကို ခေါ်​လျက်၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​နှင့်​တူ​သော​သူ မည်​မျှ​မ​ရှိ။ ငါ​သည် နှုတ်​ထွက်​အ​တိုင်း​ပြု​မည်။ ကြံ​သည်​အ​တိုင်း စီ​ရင်​မည်။

ငါ့​ကိုယ်​တိုင်​အ​မိန့်​တော်​ရှိ​ပြီ။ အ​ကယ်​စင်​စစ် သူ့​ကို​ငါ​ခေါ်​ပြီ။ ငါ​ဆောင်​ခဲ့​ပြီ။ သူ​သွား​သော​လမ်း၌ မင်္ဂ​လာ​ရှိ​ရ​လိမ့်​မည်။

ထို​ကြောင့်၊ မြေ​ကြီး​သည် ညည်း​တွား​လိမ့်​မည်။ မိုး​ကောင်း​ကင်​လည်း နက်​လိမ့်​မည်။ ငါ​သည်​ပြော​ပြီး​မှ နောင်​တ​မ​ရှိ။ ကြံ​ပြီး​မှ အ​ကြံ​မ​ပျက်​ရ။

ထို​သို့ ငါ့​အ​မျက်​အ​လို ပြည့်​စုံ​လိမ့်​မည်။ ငါ့​ဒေါ​သ​အ​ရှိန်​ကို သူ​တို့​အ​ပေါ်​မှာ တည်​စေ​ပြီး​မှ၊ ငါ့​စိတ်​ပြေ​လိမ့်​မည်။ သူ​တို့၌ ငါ့​ဒေါ​သ​စိတ်​အ​လို​ကို ပြည့်​စုံ​စေ​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​အား​ကြီး၍ မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်။

ဒေါ​သ​အ​မျက်​အ​ရှိန်​အား​ဖြင့် သင်၌ ပြင်း​စွာ​သော အ​ပြစ်​ဒဏ်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ ပတ်​လည်၌ နေ​သော လူ​အ​မျို​မျိုး​တို့​တွင် သင်​သည် ကဲ့​ရဲ့​ပြစ်​တင်​ရာ၊ သ​တိ​ရ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​ကို လု​ယက်​နှိပ်​စက်​ရ​သော မွတ်​သိပ်​ခြင်း​ဘေး၊ သား​ရဲ​ဘေး​ကို ငါ​လွှတ်​လိုက်၍၊ ဓား​ဘေး​ကို​လည်း ရောက်​စေ​သ​ဖြင့်၊ နာ​ဘေး၊ အ​သေ​သတ်​ခြင်း​ဘေး​တို့​သည် လွှမ်း​မိုး​သော​အ​ခါ၌​လည်း​ကောင်း ထို​သို့​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် မိန့်​တော်​မူ၏။

လူ​အ​ပေါင်း​တို့​သည် ကိုယ်​ပိုင်​သော​စ​ပျစ်​ပင်၊ ကိုယ်​ပိုင်​သော သင်္ဘော​သ​ဖန်း​ပင်​အောက်​မှာ ထိုင်​ကြ​လိမ့်​မည်။ ကြောက်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ရ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ