Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 22:23

Judson Bible

မြဲ​သော​အ​ရပ်၌ စွဲ​သော​တံ​စို့​ကဲ့​သို့ သူ့​ကို​ငါ​စွဲ​စေ​မည်။ သူ​သည် မိ​မိ​အ​ဘ၏​အိမ်၌ ကျက်​သ​ရေ​ပ​လ္လင်​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​ခ​ဏ​တွင်၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ကျွန်ုပ်​တို့​ကို ဘေး​မဲ့​လွှတ်၍ ကျန်​ကြွင်း​စေ​လျက်၊ သန့်​ရှင်း​သော ဌာ​န​တော်၌ စွဲ​ထား​သော​တံ​စို့​ကို ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကြီး​လှ​ပါ၏။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​မျက်​စိ​ကို လင်း​စေ၍၊ အ​ကျွန်ုပ်​တို့ ကျွန်​ခံ​နေ​ရာ၌ အ​သက်​ရှူ​ပြန်​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပြီ။

ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင် အာ​ရွှေ​ရု​အောက်၌ အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရ၍ ယု​ဒ​လူ​တို့​တွင် ဘုန်း​ကြီး၏။ မိ​မိ​အ​မျိုး၏ အ​ကျိုး​စီး​ပွား​ကို ပြု​စု​လျက်၊ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​အား မင်္ဂ​လာ​စ​ကား​ကို​သာ ပြော​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​တွင် မျက်​နှာ​ရ​သော​သူ ဖြစ်​သ​တည်း။ ဧ​သ​တာ​ဝ​တ္ထု​ပြီး၏။

ယ​ခု​ကာ​လ သင်​သည် တိတ်​ဆိတ်​စွာ​နေ​လျှင်၊ သင်​နှင့်​သင်၏ အ​ဆွေ​အ​မျိုး​သည် ပျက်​စီး၍၊ ယု​ဒ​လူ​တို့ အ​သက်​ရှင်​ခြင်း၊ ကယ်​တင်​ခြင်း​အ​ကြောင်း တစ်​စုံ​တစ်​ခု ပေါ်​လိမ့်​မည်။ ယ​ခု​အ​မှု​ကို​ဆောင်​ဖို့​ရာ သင်​သည် မိ​ဖု​ရား​အ​ရာ​ကို​ရ​သည်​ဟု ထင်​စ​ရာ​ရှိ​သည်​မ​ဟုတ်​လော​ဟု ဧ​သ​တာ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်၏။

ဖြောင့်​မတ်​သော​သူ​တို့​ကို ပ​မာ​ဏ​မ​ပြု​ဘဲ နေ​တော်​မ​မူ။ ရှင်​ဘု​ရင်​နှင့်​အ​တူ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထာ​ဝ​ရ​နေ​ရာ​ချ၍ ချီး​မြှောက်​တော်​မူ၏။

ပ​ညာ​ရှိ​သော​သူ၏​စ​ကား​သည် တုတ်​ချွန်​နှင့်​လည်း​ကောင်း၊ တစ်​ပါး​တည်း​သော သိုး​ထိန်း​ကြီး အပ်​ပေး​တော်​မူ၍၊ ပ​ရိ​သတ်​အုပ်​တို့ ရိုက်​ထား​သော သံ​ချွန်​နှင့်​လည်း​ကောင်း တူ၏။

သူ၏​အ​ဘ​အိမ်၌ ရှိ​သ​မျှ​သော​ဘုန်း​အ​သ​ရေ၊ အ​မျိုး​အ​နွယ်၊ အ​မြတ်​အ​ယုတ်၊ ခွက်​ဖ​လား​ရှိ​သ​မျှ၊ အင်​တုံ၊ အိုး​အ​မျိုး​မျိုး​တို့​ကို သူ၌ ဆွဲ​ထား​ကြ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​တွင် မြဲ​သော​အ​ရပ်၌ အ​ရင်​စွဲ​သော​တံ​စို့​သည် နေ​ရာ​မှ​ရွှေ့၍၊ ခုတ်​လှဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ၌​ဆွဲ​ထား​သော​ဥ​စ္စာ​သည်​လည်း၊ ခုတ်​ပယ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​အ​မျိုး​ထဲ​က တိုက်​ထောင့်​အ​မြစ်​ကျောက်၊ တံ​စို့၊ စစ်​တိုက်​လေး၊ မင်း​ဖြစ်​သော လူ​အ​ပေါင်း​တို့​သည် ထွက်​ကြ​လိမ့်​မည်။

ငါ​သည်​အောင်​မြင်၍ ငါ့​ခ​မည်း​တော်၏ ပ​လ္လင်​တော်​ပေါ်​မှာ ခ​မည်း​တော်​နှင့်​အ​တူ ထိုင်​နေ​သ​ကဲ့​သို့၊ အောင်​မြင်​သော​သူ​သည် ငါ၏​ပ​လ္လင်​ပေါ်​မှာ ငါ​နှင့်​အ​တူ ထိုင်​နေ​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်။-

ဆင်း​ရဲ​သော​သူ​ကို မြေ​မှုန့်​ထဲ​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို နောက်​ချေး​ပုံ​ထဲ​က​လည်း​ကောင်း ချီး​မြှောက်၍၊ မင်း​သား​တို့​နှင့် ထိုင်​ရ​သော​အ​ခွင့်၊ ဘုန်း​ကြီး​သော​ပ​လ္လင်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​တိုင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်၍ ထို​တိုင်​တို့​အ​ပေါ်​မှာ လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ