အထက်က အသံဗလံများ၍ အုတ်အုတ်ကျက်ကျက် ပြုတတ်သောမြို့၊ ရွှင်လန်းသောမြို့၊ သင်၏လူသေတို့သည် ဓားလက်နက်ကြောင့် ဆုံးကြသည်မဟုတ်။ စစ်တိုက်ရာမှာ သေကြသည်မဟုတ်။
ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထားလျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကိုခံရသော သူတို့အောက်မှာ လဲရကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ဤမြို့သည် ရှေးကာလ၌တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော။ ဝေးသောအရပ်၌ တည်းခိုခြင်းငှာ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ၏။
ငါ့လူတို့၏ မြေကိုလည်းကောင်း၊ ဝမ်းမြောက်သောအိမ်နှင့် ရွှင်လန်းသော မြို့ကိုလည်းကောင်း၊ ဆူးပင်အမျိုးမျိုးတို့သည် တက်၍ လွှမ်းမိုးကြလိမ့်မည်။
ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏အသံဗလံ ငြိမ်းလိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ် မြေတွင်းနှင့်ပြည်စုံ၍၊ ရိုင်းသောမြည်း ပျော်မွေ့ရာ၊ သိုးစုကျက်စားရာ ဖြစ်ကြလိမ့်မည်။
သို့ဖြစ်၍၊ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်ကို ရည်မှတ်၍မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကိုမဖို့ရ။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်၍၊ အာရှုရိတပ်တွင် လူတစ်သိန်းရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန်ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။
ငါသည် မြို့ပြင်သို့သွားသောအခါ၊ သတ်သောအသေကောင်များကို တွေ့ရ၏။ မြို့ထဲသို့ဝင်သောအခါ၊ ငတ်မွတ်၍ နာကျင်စွာခံရသောသူများကိုလည်း တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှုကိုမျှ မသိဘဲ အရပ်ရပ်လှည့်လည်ကြ၏။
ထိုနှစ်၊ စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန် အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊
စည်ပင်ခဲ့သောမြို့သည် လူဆိတ်ညံလျက် ထိုင်လေသည်တကား၊ လူမျိုးတို့တွင် ကြီးမြတ်ဖူးသော သတို့သမီးသည် မုဆိုးမကဲ့သို့ဖြစ်၏။ အပြည်ပြည်တို့၏သခင်မသည် အခွန်ပေးရ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကိုစားရပါမည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။
အို အသရေပျက်၍ နှောင့်ယှက်ခြင်းကိုခံရသောသင်ကို၊ အဝေးအနီး၌နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည်။
ထိုမြို့က၊ ငါရှိ၏။ ငါမှတစ်ပါး အဘယ်သူမျှမရှိဟု ဆိုလျက် သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဖူးသောမြို့ ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင်ပယ်ရှင်းရာ၊ သားရဲအိပ်ရာအရပ် ဖြစ်ပါသည်တကား။ လျှောက်သွားသော သူအပေါင်းတို့သည် ကဲ့ရဲ့သံကိုပြု၍ လက်ဖျားခါကြလိမ့်မည်။