Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 22:17

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​သော​နှင်​ထုတ်​ခြင်း​ဖြင့် သင့်​ကို နှင်​ထုတ်​တော်​မူ​လိမ့်​မည်။ သင့်​ကို အ​မှန်​ကိုင်​ဖမ်း၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​သည် ဥ​ယျာဉ်​တော်​မှ စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​ရာ အ​ရပ်​သို့ ဝင်​ပြန်​သော​အ​ခါ၊ ဧ​သ​တာ​ထိုင်​သော သာ​လွန်​နား​မှာ ဟာ​မန်​သည် ပျပ်​ဝပ်​လျက်​နေ​သည်​ကို မြင်​လျှင်၊ ဤ​သူ​သည် နန်း​တော်၌ ငါ့​ရှေ့​မှာ မိ​ဖု​ရား​ကို အ​ဓ​မ္မ​ပြု​ရ​မည်​လော​ဟု မိန့်​တော်​မူ​စဉ်​တွင်၊ အ​ခြံ​အ​ရံ​တို့​သည် ဟာ​မန်၏​မျက်​နှာ​ကို ဖုံး​ကြ၏။

မြေ​ကြီး​ကို လူ​ဆိုး​လက်၌​အပ်၍၊ တ​ရား​သူ​ကြီး​တို့၏ မျက်​နှာ​ကို ဖျက်​တော်​မူ၏။ သို့​မ​ဟုတ် ထို​အ​မှု​ကို စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။

မြင့်​သော​အ​ရပ်၌ ကိုယ်​သင်္ချိုင်း​တွင်း​ကို ထွင်း၍၊ ကိုယ်​နေ​ရာ​ကို ကျောက်၌​ထု​လုပ်​သော​သူ၊ သင်​သည် ဤ​အ​ရပ်၌ သင်္ချိုင်း​တွင်း​ကို ကိုယ်​အ​ဖို့​ထွင်း​စေ​ခြင်း​ငှာ၊ ဤ​အ​ရပ်​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ဤ​အ​ရပ်​သား​တို့​တွင် အ​ဘယ်​သူ​နှ​င့် ဆိုင်​သ​နည်း။

တ​လိမ့်​လိမ့် လှိမ့်​လျက်၊ လောက်​လွှဲ​စာ​ကဲ့​သို့ ကျယ်​သော​ပြည်​သို့ ပစ်​လိုက်​တော်​မူ​လိမ့်​မည်။ သင်​သည် ထို​ပြည်၌ သေ​ရ​လိမ့်​မည်။ ထို​ပြည်၌​လည်း သင်၏ ကျက်​သ​ရေ​ရ​ထား​တို့​သည်၊ သင့်​အ​ရှင်၏​အ​မျိုး အ​ရှက်​ကွဲ​စ​ရာ​ဖြစ်​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​ပင်​ငါ​သည် လောက်​လွှဲ​စာ​ကို​ပစ်​သ​ကဲ့​သို့၊ ပြည်​သား​များ​ကို လောက်​လွှဲ​ထဲ​က​ပစ်၍၊ ရန်​သူ​တို့​လက်​သို့ ရောက်​စေ​ခြင်း​ငှာ ညှဉ်း​ဆဲ​မည်​ဟု မိန့်​တော်​မူ၏။

မှူး​မတ်​တို့​သည် မိ​မိ​သူ​ငယ်​တို့​ကို ရေ​ခပ်​စေ​လွှတ်၍၊ သူ​ငယ်​တို့​သည် ရေ​ကျင်း​သို့​ရောက်​သော​အ​ခါ၊ ရေ​ကို​မ​တွေ့။ အိုး​သက်​သက်​ကို​သာ​ဆောင်​ခဲ့​လျက် ပြန်​လာ​ကြ၏။ ဦး​ခေါင်း​ကို ခြုံ​လျက် ရှက်​ကြောက်​မှိုင်​တွေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ