Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 22:14

Judson Bible

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နား၌ ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင်​တို့​အ​ပြစ်​သည် သင်​တို့ မ​သေ​မ​ချင်း​တိုင်​အောင် မ​ပြေ​မ​ရှင်း​ရ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရှော​လု၏​သ​မီး​မိ​ခါ​လ​သည် တစ်​သက်​လုံး သား​ကို​မ​ဖွား​မ​မြင်​ရ။

ထို​လော​ကီ​နိုင်​ငံ၏​အ​ပြစ်​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့၏​ဒု​စ​ရိုက်​များ​ကို​လည်း​ကောင်း ငါ​စစ်​ကြော​မည်။ မာ​န​ကြီး​သော​သူ​တို့၏​ထောင်​လွှား​ခြင်း​ကို ငါ​နှိပ်​စက်၍၊ ကြမ်း​ကြုတ်​သော​သူ​တို့၏ စော်​ကား​ခြင်း​ကို ငါ​နှိမ့်​ချ​မည်။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​သား​တို့​ကို၊ သူ​တို့​ဒု​စ​ရိုက်​ကြောင့် အ​ပြစ်​ပေး​လို​သော​ငှာ၊ မိ​မိ​အ​ရပ်​ဌာ​န​ထဲ​က ထွက်​တော်​မူ၏။ ထို​အ​ခါ မြေ​ကြီး​သည် မိ​မိ၌​ရှိ​သော​အ​သွေး​ကို ဖော်​ပြ​ရ​လိမ့်​မည်။ မိ​မိ၌ အ​သေ​ခံ​ရ​သော​သူ​တို့​ကို နောက်​တစ်​ဖန် ဝှက်၍​မ​ထား​ရ။

သင်​တို့​အ​ပြစ်​သည် ပြို​ကျ​လု​သော အုတ်​ရိုး​ပျက်​ကဲ့​သို့​လည်း​ကောင်း၊ မြင့်​သော​အုတ်​ထ​ရံ၌ မ​ညီ​မ​ညွတ် ထွက်​ဝင်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ထို​ထ​ရံ​သည် အ​လျင်​တ​ဆော ချက်​ချင်း ပြို​ပျက်​တတ်၏။

ထို​ဘု​ရား​သည် ဉာဏ်​တော်​ကျယ်၍၊ သူ​တို့​အ​ပေါ်​မှာ ဘေး​ကို သက်​ရောက်​စေ​တော်​မူ​မည်။ စ​ကား​တော်​မ​ပျက်​ဘဲ၊ ဆိုး​သော လူ​မျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​ဘက်​မှာ​နေ​သော သူ​တို့​ကို​လည်း​ကောင်း တစ်​ဖက်၌ ထ​တော်​မူ​မည်။

ငါ၏​နား​အ​ပါး၌ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ကြီး​ကျယ်​တင့်​တယ်​သော အိမ်​အ​များ​တို့​သည် နေ​သော​သူ​မ​ရှိ။ လူ​ဆိတ်​ညံ​ရာ ဖြစ်​ကြ​လိမ့်​မည်။

ထို​မြို့၌ အ​သက်​ငယ်​သော​သူ​ငယ် မ​ရှိ​ရ။ အ​သက်​မ​ပြည့်​စုံ​သော လူ​အို​လည်း မ​ရှိ​ရ။ အ​သက်​တစ်​ရာ​ရှိ​လျက် သေ​သော​သူ​ကို သူ​ငယ်​ဟူ၍ မှတ်​ရ၏။ အ​ပြစ်​ရှိ​သော​သူ​သည် အ​သက်​တစ်​ရာ​ရှိ​လျက် သေ​လျှင်၊ ကျိန်​ခြင်း​ကို​ခံ​ရ​သော​သူ​ဟူ၍ မှတ်​ရ၏။

သင်​တို့၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ တောင်​ပေါ်​မှာ လော​ဗန်​ကို မီး​ရှို့၍၊ ကုန်း​ပေါ်​မှာ ငါ့​ကို​ကဲ့​ရဲ့​သော သင်​တို့​ဘိုး​ဘေး၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း သင်​တို့​ရင်​ခွင်၌ ငါ​ဆပ်​ပေး​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ပြု​ဖူး​သော အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ရင်​ခွင်၌ ငါ​ခြင်၍​ပေး​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်၏​အ​ညစ်​အ​ကြေး၌ အ​ဓ​မ္မ​အ​မှု​ပါ၏။ ငါ​ဆေး​ကြော၍ သင်​သည် ဆေး​ကြော​ခြင်း​ကို မ​ခံ​သော​ကြောင့်၊ ငါ၏​အ​မျက်​အ​ရှိန်​သည် သင့်​အ​ပေါ်​သို့​မ​ရောက်​မ​ချင်း​တိုင်​အောင်၊ သင်၏​အ​ညစ်​အ​ကြေး​ကို မ​ဆေး​ကြော​ရ။

အ​ကယ်​စင်​စစ် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​တို့​အား​မ​ဖော်​မ​ပြ​ဘဲ အ​ဘယ်​အ​မှု​ကို​မျှ စီ​ရင်​တော်​မ​မူ။

ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်၏​ဘုန်း​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သူ​တို့​ကျင့်​ကြံ ပြု​မူ​သ​မျှ​တို့​ကို ငါ​သည် အ​စဉ်​မ​ပြတ် မ​မေ့​လျော့။

ထို​ကြောင့် ဧ​လိ၏​အိမ်​သား​တို့ အ​ပြစ်​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​အား​ဖြင့် မ​ဖြေ၊ အ​စဉ်​အ​မြဲ တည်​ရ​မည်​အ​ကြောင်း သူ​တို့​အား ငါ​ကျိန်​ဆို​ပြီ​ဟု မိန့်​တော်​မူ၏။

ရှော​လု​မ​ရောက်​မီ မ​နေ့၌ ထာ​ဝ​ရ​ဘု​ရား​က၊ နက်​ဖြန်​နေ့၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ