ဟေရှာယ 22:11Judson Bibleရေကန်ဟောင်းမှ ထွက်သောရေ စုဝေးရာကိုလည်း၊ မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင်၊ ဤအမှုကို စီရင်တော်မူသောသူကို သင်တို့သည် မကြည့်မမှတ်တတ်ကြ။ ရှေးကဖန်ဆင်းတော်မူသောသူကို ပမာဏမပြုတတ်ကြ။ အခန်းကိုကြည့်ပါ။ |
စစ်ကူတောင်းအံ့သောငှာ အဲဂုတ္တုပြည်သို့သွား၍၊ မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကိုလည်းကောင်း၊ အားကြီးသော မြင်းစီးသူရဲတို့ကိုလည်းကောင်း ခိုလှုံလျက်၊ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်လင့်၊ ထာဝရဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ၏။