Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 22:1

Judson Bible

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​နှင့် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ကား၊ သင့်​တစ်​မြို့​လုံး​သည် အိမ်​မိုး​ပေါ်​သို့​တက်​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​အ​မှု ရောက်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် လု​လင်၏​အ​သံ​ကို​ကြား​တော်​မူ၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​က၊ ဟာ​ဂ​ရ၊ သင်၌​အ​ဘယ်​အ​မှု​ရှိ​သ​နည်း။ မ​စိုး​ရိမ်​နှင့်။ လု​လင်​နေ​သော​အ​ရပ်​ထဲ​က သူ၏​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​ပြီ။

ရှင်​ဘု​ရင်​က​လည်း၊ အ​ဘယ်​အ​မှု​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင် မိန်း​မ​က၊ ကျွန်​တော်​မ​သည် လင်​သေ​သော မု​ဆိုး​မ​ဖြစ်​ပါ၏။

သင်၌ အ​ဘယ်​သို့ ဖြစ်​သ​နည်း​ဟူ၍​လည်း​ကောင်း မေး​လျှင်၊ မိန်း​မ​က၊ ဤ​မိန်း​မ​သည် ကျွန်​မ​ဆီ​သို့​လာ၍၊ သင့်​သား​ကို ယ​နေ့​ငါ​တို့​စား​ဖို့​အပ်​ပါ။ နက်​ဖြန်​နေ့၌ ငါ့​သား​ကို စား​ရ​မည်​ဟု​ဆို​သည်​အ​တိုင်း၊

အ​ချင်း​ပင်​လယ်၊ သင်​ပြေး​သည်​အ​ကြောင်း၊ အ​ချင်း​ယော်​ဒန်​မြစ်၊ သင်​သည် နောက်​သို့​လှည့်​သည်​အ​ကြောင်း၊

တောင်​ရိုး​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဝန်း​ရံ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို ယ​ခု​မှ​စ၍၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်း​ရံ​တော်​မူ၏။

ဗျာ​ဒိတ်​တော်​မ​ရှိ​လျှင်၊ လူ​တို့​သည် အ​ကျိုး​နည်း ဖြစ်​ကြ၏။ တ​ရား​တော်​ကို​စောင့်​သော​သူ​မူ​ကား မင်္ဂ​လာ​ရှိ၏။

ဗာ​ဗု​လုန်​မြို့​ကို​ရည်​ဆောင်၍ အာ​မုတ်၏​သား​ဟေ​ရှာ​ယ​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊

လမ်း​ခ​ရီး​တို့​တွင် လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ၍၊ အိမ်​မိုး​ပေါ်၌​လည်း​ကောင်း၊ လမ်း​မ၌​လည်း​ကောင်း ရှိ​သ​မျှ​သော​သူ​တို့​သည် ညည်း​တွား​မြည်​တမ်း၍၊ အ​လွန် မျက်​ရည်​ကျ​ကြ၏။

ကောင်း​ကင် ဗိုလ်​ခြေ​သ​ခင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​တွင် စီ​ရင်​တော်​မူ​သ​ဖြင့်၊ ဒု​က္ခ​ခံ​ရာ​ကာ​လ၊ နှိပ်​စက်​နှောင့်​ယှက်​ရာ​ကာ​လ၊ မြို့​ရိုး​ကို​ဖြို၍ တောင်​တို့​ကို အော်​ဟစ်​ရာ​ကာ​လ​သည် ရောက်​လေ​ပြီ။

အ​ကြင်​အိမ်​မိုး​အ​ပေါ်​မှာ ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​များ​ရှေ့၌ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု၏။ ထို​အိမ်​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​အိမ်​များ၊ ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​များ​တို့​သည် တော​ဖက်​အ​ရပ်​ကဲ့​သို့ မ​စင်​ကြယ်​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ချိုင့်၌​နေ​သော​သူ၊ အို လွင်​ပြင်၌​ရှိ​သော​ကျောက်၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင်​တို့​က၊ ငါ​တို့​ကို အ​ဘယ်​သူ စစ်​တိုက်​နိုင်​မည်​နည်း။ ငါ​တို့​နေ​ရာ​ထဲ​သို့ အ​ဘယ်​သူ​ဝင်​နိုင်​မည်​နည်း​ဟု ဆို​တတ်​သော်​လည်း၊

ဤ​မြို့​ကို​တိုက်​သော ခါ​လ​ဒဲ​လူ​တို့​သည် ဝင်၍ မီး​ရှို့​ကြ​လိမ့်​မည်။ ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ ဗာ​လ​ဘု​ရား​အ​ဖို့ အိမ်​မိုး​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အ​ဖို့ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​ပြု​ရာ အိမ်​များ​နှင့်​တ​ကွ၊ တစ်​မြို့​လုံး​ကို မီး​လောင်​စေ​ကြ​လိမ့်​မည်။

ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ ပြု​လေ​သ​မျှ​သော ဒု​စ​ရိုက်​ကြောင့်၊ ဤ​မြို့​ကို ငါ့​ထံ​မှ ငါ​ပယ်​ရှား​မည်​အ​ကြောင်း၊ မြို့​တည်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ့​အ​မျက်​ထွက်၍၊ အ​မျက်​အ​ရှိန်​အား​ကြီး​စေ​သော မြို့​ဖြစ်၏။

အ​သုံး​မ​ရ​သော အိုး​ကို​ခွဲ​တတ်​သ​ကဲ့​သို့၊ မော​ဘ​ပြည်​ကို ငါ​ခွဲ​သော​ကြောင့်၊ မော​ဘ​ပြည်​အိမ်​မိုး​များ အ​ပေါ်၌​လည်း​ကောင်း၊ လမ်း​များ၌​လည်း​ကောင်း၊ ညည်း​တွား​မြည်​တမ်း​ခြင်း နှံ့​ပြား​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

တစ်​ပါး​အ​မျိုး​သား​တို့​သည် ထ၍ ယော​ရှ​ဖတ်​ချိုင့်​သို့ တက်​လာ​ကြ​စေ။ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ထို​အ​ရပ်၌ ငါ​ထိုင်​မည်။

ကွပ်​မျက်​ရာ​ချိုင့်၌ လူ​များ​စည်း​ဝေး​လျက်၊ လူ​များ​စည်း​ဝေး​လျက် ရှိ​ကြ၏။ ကွပ်​မျက်​ရာ​ချိုင့်၌ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ရောက်​လု​နီး​ပြီ။

သင်​တို့​သည် ရူ​ပါ​ရုံ​ကို မ​မြင်​နိုင်​မည်​အ​ကြောင်း၊ ည​အ​ချိန်​ရောက်​လိမ့်​မည်။ အ​နာ​ဂတ်​ကို မ​ဟော​နိုင်​မည်​အ​ကြောင်း၊ မှောင်​မိုက်​ဖြစ်​လိမ့်​မည်။ ပ​ရော​ဖက်​တို့၌ နေ​ဝင်​လိမ့်​မည်။ နေ့​အ​ချိန်၌​ပင် မှောင်​မိုက်​ဖုံး​လွှမ်း​လိမ့်​မည်။

ကောင်း​ကင်​တန်​ဆာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ကိုး​ကွယ်​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် မာ​လ​ခံ​ဘု​ရား​ကို​တိုင်​တည်​လျက် ကျိန်​ဆို​ကိုး​ကွယ်​သော သူ​တို့​ကို​လည်း​ကောင်း၊

မှောင်​မိုက်၌ သင်​တို့​အား ငါ​ပြော​သော​အ​ရာ​များ​ကို သင်​တို့​သည် အ​လင်း၌ ကြား​ပြော​ကြ​လော့။ သင်​တို့​နား​အ​ပါး၌ ပြော၍ ကြား​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အ​ထွေ​ထွေ​သော အ​ကျိုး​များ​စွာ​ရှိ၏။ ထူး​မြတ်​သော အ​ကျိုး​ဟူ​မူ​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော ယု​ဒ​တို့​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​များ​ကို ခံ​ရ​ကြ၏။-

လူ​သည် အိမ်​မိုး​ပေါ်​က​ကျ၍ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် မ​ရောက်​မည်​အ​ကြောင်း၊ အိမ်​အ​သစ်​ကို​ဆောက်​သော​အ​ခါ၊ အ​မိုး​နား​ပတ်​လည်၌ အ​ဆီး​အ​တား​ကို လုပ်​ရ​မည်။

ကြွေး​ကြော်​သော​အ​ခါ၊ ဒန်​အ​မျိုး​သား​တို့​သည် လှည့်​ကြည့်​လျက် သင်​သည် အ​ဘယ်​အ​ခင်း​ရှိ၍ လူ​အ​ပေါင်း​တို့​နှင့် လိုက်​လာ​သ​နည်း​ဟု မိ​က္ခာ​အား​မေး​သော်၊

ရှော​လု​သည် နွား​စု​နောက်​သို့​လိုက်​လျက် လယ်​လုပ်​ရာ​မှ ရောက်​လာ​သော​အ​ခါ၊ လူ​တို့​သည် အ​ဘယ်​ကြောင့် ငို​ကြွေး​ကြ​သ​နည်း​ဟု မေး​လျှင်၊ ယာ​ဗက်​မြို့​သား​တို့၏​သ​တင်း​ကို ပြော​ကြ၏။

သူ​ငယ်​ရှ​မွေ​လ​သည်၊ ဧ​လိ​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် နည်း​ပါး၏။ ထင်​ရှား​သော ရူ​ပါ​ရုံ​မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ