ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက်ဖွယ်သောအရာဖြင့် ငါသည် ထိတ်လန့်လျက်ရှိ၏။ ငါပျော်မွေ့သောညကို ဘေးနှင့် ပြည့်စုံစေတော်မူ၏။
ထိုအခါ အဒေါနိယနှင့် ပေါင်းဖော်သောသူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ထ၍ တစ်ယောက်တခြားစီ သွားကြ၏။
မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတစ်ပါး၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူ မဝင်စေ။ နက်ဖြန်နေ့၌လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကိုဖိတ်ပြန်၏။
ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ရောက်၍ အလွန်ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိရပါ၏။
ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေသော။ ထိုသို့ရလျှင် အခြားသို့ပျံသွား၍၊ ငြိမ်ဝပ်လျက်နေလိမ့်မည်။
ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည် နာ၏။ ငါ့နှလုံးအရေဖျားလည်း နာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အို ငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။
သူတို့သည် ပျော်မွေ့ကြမည်အကြောင်းနှင့်၊ နောက်တစ်ဖန်မနိုးဘဲ၊ အစဉ်မပြတ် အိပ်ပျော်မည်အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဖို့ ငါတိုက်၍ ယစ်မူးစေမည်။
ဗာဗုလုန်မင်းသား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲ၊ မင်းအရာရှိ၊ ခွန်အားကြီးသော သူတို့ကို ငါယစ်မူးစေသဖြင့်၊ သူတို့သည် နောက်တစ်ဖန်မနိုးဘဲ အစဉ်မပြတ် အိပ်ပျော်ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ၍ ဘွဲ့နာမရှိသောရှင်ဘုရင် မိန့်တော်မူ၏။
တစ်ရံရောအခါ ဗေလရှာဇာမင်းကြီးသည် မှူးမတ်တစ်ထောင်ကို ခေါ်ပြီးလျှင် ကြီးစွာသောပွဲကို လုပ်၍၊ မှူးမတ်တစ်ထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ၏။
ထိုည၌ပင် ခါလဒဲရှင်ဘုရင် ဗေလရှာဇာမင်းသည် အသက်ဆုံး၍၊
ထိုအချိန်နာရီတွင် လူ၏လက်ဖျားသည် ပေါ်လာ၍ မီးခုံအထက်၊ နန်းတော်အုတ်ထရံ အင်္ဂတေ၌ အက္ခရာတင်၍ ရေးထား၏။ ထိုသို့ရေးသောလက်ဖျားကို ရှင်ဘုရင် မြင်တော်မူလျှင်၊
သူတို့သည် ဆူးပင်ကဲ့သို့ အချင်းချင်း ညှိတွယ်လျက်၊ စပျစ်ရည်နှင့် ယစ်မူးသကဲ့သို့ဖြစ်လျက်၊ သွေ့ခြောက်သော အမှိုက်ကဲ့သို့ မီးလောင်ခြင်းကို ခံရကြလိမ့်မည်။
သင်၏စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသောအကြောင်း၊ သင့်မျက်စိနှင့် မြင်ရသောအရာကြောင့်၊ နံနက်အချိန်၌ သင်က၊ ညရောက်ပါစေဟူ၍လည်းကောင်း၊ ညအချိန်၌ နံနက်ရောက်ပါစေ ဟူ၍လည်းကောင်း ဆုတောင်းရလိမ့်မည်။
ရွှေလင်းတသည် အသိုက်ကိုမွှေလျက်၊ သားငယ်တို့အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကိုဖြန့်လျက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့် ဆောင်သကဲ့သို့၊