မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာပေါက်သော မြက်ပင်အစရှိသော၊ မြစ်နားမှာစိုက်သမျှတို့သည် ညှိုးနွမ်းပျက်စီး ပပျောက်ကြလိမ့်မည်။
အဆင်းလှ၍ဝသောနွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ မြစ်နားမှာပေါက်သောမြက်ပင်ကို စားလျက်နေကြ၏။
အို တာရှုမြို့၏သမီး၊ ကမ်းရိုးပျက်လေပြီ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကိုနှံ့ပြားလော့။
များသောရေကို အမှီပြုသော ရှိဟောရမျိုးစေ့၊ မြစ်၏အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ။
ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကိုကြဲ၍၊ နွားခြေနှင့် မြည်းခြေတို့ကို လွှတ်တတ်သော သင်တို့သည် မင်္ဂလာရှိကြ၏။
မိုးပြတ်၍မြေအက်ကွဲသောကြောင့်၊ လယ်လုပ်သော သူတို့သည် ဦးခေါင်းကိုခြုံလျက် ရှက်ကြောက်ကြ၏။
ယခုမူကား ရေမရှိ၊ သွေ့ခြောက်သောလွင်ပြင်အရပ်၌ စိုက်လျက်ရှိ၏။