Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 19:5

Judson Bible

ထို​အ​ခါ​ပင်​လယ်​ရေ​ပြတ်​လိမ့်​မည်။ မြစ်​ရေ​လည်း​လျော့၍ ခန်း​ခြောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အိုင်​ရေ​ပြတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ မြစ်​ရေ ခန်း​ခြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊

အ​ကြောင်း​မူ​ကား၊ နိ​မ​ရိမ်​ရေ​ကန်​တို့​သည် ဆိတ်​ညံ၍၊ မြက်​ပင်​များ သွေ့​ခြောက်​ခဲ့​ပြီ။ ပျိုး​ပင်​များ​လည်း သေ​ခဲ့​ပြီ။ စိမ်း​သော​အ​ပင် တစ်​ပင်​မျှ​မ​ရှိ။

ရန်​သူ​သည် ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍၊ တိုင်း​နိုင်​ငံ​တို့​ကို လှုပ်​ရှား​လေ၏။ ခါ​နာန်​ပြည်၌ ခိုင်​ခံ့​သော​အ​ရပ်​တို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။

ငါ​သည် တွင်း​တူး၍ ရေ​ကို​သောက်​ရ​ပြီ။ ငါ၏​ခြေ​ဖ​ဝါး​အား​ဖြင့် အဲ​ဂု​တ္တု​မြစ်​လက်​ကြား ရေ​ရှိ​သ​မျှ​ကို ခန်း​ခြောက်​စေ​ပြီ​ဟု သင်​ဆို​မိ​ပြီ​တ​ကား။

ငါ​လာ​သော​အ​ခါ အ​ဘယ်​ကြောင့် လူ​မ​ရှိ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ အ​ဘယ်​ကြောင့် မ​ထူး​သ​နည်း။ ငါ​သည် မ​ရွေး​မ​နုတ်​နိုင်​အောင် လက်​တို​သ​လော။ ကယ်​ချွတ်​နိုင်​သော တန်​ခိုး​မ​ရှိ​သ​လော။ ကြည့်​ရှု​လော့။ ငါ​ဆုံး​မ​သ​ဖြင့် ပင်​လယ်​ရေ​သည် ခန်း​ခြောက်၏။ မြစ်​တို့​ကို လွင်​ပြင်​ဖြစ်​စေ၏။ ရေ​မ​ရှိ​သော​ကြောင့် ငါး​တို့​သည်​နံ​ကြ၏။ ရေ​ငတ်၍ သေ​ကြ၏။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​အ​မှု​ကို ငါ​စောင့်​မည်။ သင်​ခံ​ရ​သော​အ​ပြစ်​ကို ပြန်​ပေး​မည်။ သူ၏ ပင်​လယ်​ကို​လည်း​ကောင်း၊ သူ၏​စမ်း​ရေ​တွင်း​တို့​ကို​လည်း​ကောင်း ငါ​ခန်း​ခြောက်​စေ​မည်။

မြစ်​တို့​ကို ငါ​ခန်း​ခြောက်​စေ၍၊ အ​ဓ​မ္မ​လူ​တို့​အား ပြည်​ကို​ရောင်း​လိုက်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​လက်​ဖြင့် ပြည်​နှင့်​တ​ကွ ပြည်၌​ပါ​သ​မျှ​ကို ငါ​ဖျက်​ဆီး​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ပြီ။

ပင်​လယ်​အ​လယ်၌ လျှောက်​သွား၍ ညှဉ်း​ဆဲ​လျက်၊ ပင်​လယ်​တံ​ပိုး​များ​ကို ဒဏ်​ခတ်​တော်​မူ​မည်။ မြစ်၌ နက်​နဲ​သော​အ​ရပ်​ရှိ​သ​မျှ​တို့​လည်း ခန်း​ခြောက်​ကြ​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်၏​မာ​န​ကို နှိမ့်​ချ၍၊ အဲ​ဂု​တ္တု​မင်း၏​အာ​ဏာ​သည်​လည်း ကွယ်​ပျောက်​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်​သား အ​ဆွေ​အ​မျိုး​သည် မ​တက်​မ​လာ​လျှင်၊ မိုး​မ​ရွာ​ဘဲ​နေ​သ​ဖြင့်၊ သ​ကေ​နေ​ပွဲ​ကို​ခံ​အံ့​သော​ငှာ​တက်၍ မ​လာ​သော​လူ​မျိုး​တို့၌၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဘေး​ဒဏ်​သည် ထို​သူ​တို့​ကို​လည်း ထိ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ