အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့လက်သို့ ငါအပ်သဖြင့်၊ ပြင်းထန်သော ရှင်ဘုရင်တစ်ပါးသည် အုပ်စိုးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အကျွန်ုပ်ကိုရန်သူလက်သို့မအပ်ဘဲ ကျယ်ဝန်းသောအရပ်၌ နေရာချတော်မူ၏။
အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ရန်ပြုစေခြင်းငှာ ငါနှိုးဆော်သဖြင့်၊ သူတို့သည် ညီအစ်ကိုချင်း တစ်ယောက်နှင့် တစ်ယောက်၊ အိမ်နီးချင်း တစ်ယောက်နှင့် တစ်ယောက်၊ တစ်မြို့နှင့် တစ်မြို့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်တိုက်ကြလိမ့်မည်။
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဖွယ်သောအရာကို ပြခြင်းငှာ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊
ထိုနည်းတူ၊ အဲဂုတ္တုလူများကို အရှက်ခွဲခြင်းအလိုငှာ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှလူအကြီးအငယ်တို့အား အဝတ်နှင့်ခြေနင်းကို ချွတ်၍၊ တင်ပါးကိုမျှ မဖုံးစေဘဲ၊ ဖမ်းဆီးချုပ်ထားသိမ်းသွားလိမ့်မည်။
သူတို့အသက်ကို ရှာသောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းနှင့် သူ၏ကျွန်တို့လက်သို့ သူတို့ကိုငါအပ်မည်။ ထိုနောက်မှတစ်ဖန် အဲဂုတ္တုပြည်သည် အရင်ကဲ့သို့စည်ပင်လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအား ငါပေးမည်။ ထိုမင်းသည် ပြည်သား အလုံးအရင်းကိုလည်းကောင်း၊ လက်ရဥစ္စာ အမျိုးမျိုးကိုလည်းကောင်း၊ သိမ်းယူပြီးလျှင်၊ မိမိစစ်သူရဲတို့ အခဖို့ ဝေငှလိမ့်မည်။
မြစ်တို့ကို ငါခန်းခြောက်စေ၍၊ အဓမ္မလူတို့အား ပြည်ကိုရောင်းလိုက်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့လက်ဖြင့် ပြည်နှင့်တကွ ပြည်၌ပါသမျှကို ငါဖျက်ဆီးမည်။ ငါထာဝရဘုရားပြောပြီ။
သို့သော်လည်း၊ ထိုမြို့ကို ရန်သူတို့သည် တိုက်၍ သိမ်းသွားကြပြီ။ မြို့သားငယ်တို့ကို လမ်းဦးရှိသမျှတို့၌ ချိုးဖဲ့လျက်၊ ဂုဏ်အသရေရှိသော မြို့သားတို့ကို စာရေးတံချလျက်၊ အားကြီးသော မြို့သားအပေါင်းတို့ကို သံကြိုးဖြင့် ချည်နှောင်လျက် ပြုကြပြီ။
ဒါဝိဒ်သည် ကိလမြို့သို့ရောက်ကြောင်းကို ရှောလုသည်ကြားလျှင်၊ ဘုရားသခင်သည် သူ့ကိုငါ့လက်သို့ အပ်တော်မူပြီ။ တံခါးနှင့် ကန့်လန့်ကျင်ရှိသော မြို့ထဲသို့ဝင်သဖြင့်၊ အချုပ်ခံလျက် နေရသည်ဟု ဆိုလျက်၊