Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 18:6

Judson Bible

သူ​တို့​သည် တောင်​ပေါ်​မှာ​နေ​တတ်​သော​ငှက်​များ၊ တော​သား​ရဲ​များ​တို့၏​အ​ဖို့​ဖြစ်၍၊ ငှက်​တို့​သည် နွေ​ကာ​လ၌​လည်း​ကောင်း၊ သား​ရဲ​အ​ပေါင်း​တို့​သည် ဆောင်း​ကာ​လ၌​လည်း​ကောင်း၊ သူ​တို့​အ​ပေါ်​မှာ နေ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို​မူ​ကား၊ ရွံ​ရှာ​ဖွယ်​သော​သစ်​ခက်​ကဲ့​သို့ သင်္ချိုင်း​ထဲ​က ထုတ်​ပစ်​ရ၏။ ကွပ်​မျက်​သော​သူ၊ ဓား​ဖြင့်​ထိုး​သော​သူ၊ သင်္ချိုင်း​တွင်း၌ ကျောက်​စု​ထဲ​သို့​ချ​သော​သူ​များ​နှင့် ဖုံး​အုပ်​လျက်၊ ခြေ​ဖြင့်​ကျော်​နင်း​သော အ​သေ​ကောင်​ဖြစ်​လေ၏။

အ​ထက်​က​မ​ရှိ​သော ခါ​လ​ဒဲ​အ​မျိုး​သား​တို့​နေ​သော​ပြည်​ကို ကြည့်​ရှု​လော့။ ထို​ပြည်​ကို အာ​ရှု​ရိ​မင်း​သည် တော​တွင်း​သား​တို့ နေ​စ​ရာ​ဖို့ တည်​ထောင်၏။ ထို​ပြည်​သား​တို့​သည် ပြ​အိုး​တို့​ကို တည်​ဆောက်၍၊ တု​ရု​အိမ်​တော်​များ​နှင့် မြို့​ကို​လည်း ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။

ဝေး​သော​အ​ရပ်၊ အ​ရှေ့​မျက်​နှာ​မှ ငါ၏​လက်​ထောက်​တည်း​ဟူ​သော ငှက်​ရဲ​ကို ခေါ်​လျက်၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​နှင့်​တူ​သော​သူ မည်​မျှ​မ​ရှိ။ ငါ​သည် နှုတ်​ထွက်​အ​တိုင်း​ပြု​မည်။ ကြံ​သည်​အ​တိုင်း စီ​ရင်​မည်။

အို လယ်​ပြင်​သား​အ​ပေါင်း​နှင့် တော၌​လည်​သော သား​ရဲ​အ​ပေါင်း​တို့၊ ကိုက်​စား​ခြင်း​ငှာ လာ​ကြ​လော့။

သူ​တို့​ကို သတ်​ရ​သော​ဓား၊ ဆွဲ​ဖြတ်​ရ​သော​ခွေး၊ ကိုက်​စား​ရ​သော​မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တည်း​ဟူ​သော ရန်​သူ​လေး​မျိုး​ကို သူ​တို့​တစ်​ဖက်၌ ငါ​ခန့်​ထား​မည်။

ထို​သူ​တို့​သည် ဆိုး​သော​သေ​ခြင်း​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို​မြည်​တမ်း၍ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​သည် ဓား​ဘေး​နှင့် မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ခြင်း​သို့​ရောက်၍၊ အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။

ဤ​လူ​မျိုး​အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။ ထို​တိ​ရ​စ္ဆာန်​တို့​ကို အ​ဘယ်​သူ​မျှ မ​မောင်း​ရ။

မိုး​ကောင်း​ကင်​ငှက်​နှင့် တော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် ကျိုး​ပဲ့​သော အ​ကိုင်း​အ​ခက်​တို့​အ​ပေါ်​မှာ နေ​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ