Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 17:6

Judson Bible

သို့​ရာ​တွင်၊ သံ​လွင်​ပင်​ကို လှုပ်​ပြီး​မှ အ​ပင်​ဖျား၌ အ​သီး​နှစ်​လုံး​သုံး​လုံး၊ အ​သီး​ကောင်း​သော​အ​ခက်​တို့၌ လေး​ငါး​လုံး​ရှိ​တတ်​သ​ကဲ့​သို့၊ ကောက်​သိမ်း​စ​ရာ အ​ကြွင်း​ရှိ​ရ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ဗာ​လ​ရှေ့၌ ဒူး​ထောက်​ခြင်း၊ နမ်း​ခြင်း​ကို မ​ပြု​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော ဣ​သ​ရေ​လ အ​မျိုး​သား​ခု​နစ်​ထောင်​တို့​ကို ငါ့​အ​ဖို့ ငါ​ကျန်​ကြွင်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​၌​အ​နည်း​ငယ်​မျှ ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်​၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။

အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​အ​မျိုး​သား​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​သော်​လည်း၊ ကြွင်း​သော​သူ​တို့​သာ​လျှင် ပြန်​လာ​ကြ​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​သည် တ​ရား​သ​ဖြင့် လွှမ်း​မိုး​ရ​လိမ့်​မည်။

ထို​သို့ ပြည်​တော်​အ​လယ်၊ ပြည်​သား​တို့​တွင် ဖြစ်​ရ​သော်​လည်း သံ​လွင်​ပင်​ကို​လှုပ်၍ အ​သီး​ကို ရ​သ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို သိမ်း​ယူ​သော​နောက်၊ အ​ကြွင်း​အ​ကျန်​ကို ကောက်​ရ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

အို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ထို​ကာ​လ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မြစ်​ကြီး​မှ​စ၍၊ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် သစ်​သီး​များ​ကို သိမ်း​ယူ​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် တစ်​ယောက်​နောက်​တစ်​ယောက်၊ ကောက်​သိမ်း​ခြင်း​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တစ်​ပြည်​လုံး ပျက်​စီး​ရာ​ဖြစ်​လိမ့်​မည်။ ပျက်​စီး​ခြင်း​ကို ငါ​မ​ဆီး​တား၊

ငါ​သည် ကိုယ်​ဝိ​ညာဉ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ၊ သူ​တို့​တွင် တစ်​ယောက်​ကို​မျှ နောက်​တစ်​ဖန် ငါ​မ​စွန့်​ပစ်၊ ငါ့​မျက်​နှာ​ကို​လည်း​မ​လွှဲ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ည​အ​ခါ သူ​ခိုး​ဓား​ပြ​တို့​သည် သင်​ရှိ​ရာ​သို့ လာ​လျှင်၊ စိတ်​ပြေ​လောက်​အောင်​သာ ခိုး​ယူ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ စ​ပျစ်​သီး​ကို ဆွတ်​သော​သူ​တို့​သည် လာ​လျှင်၊ သူ​တစ်​ပါး​လိုက်၍ ဆွတ်​စ​ရာ​ဖို့ ကြွင်း​စေ​ကြ​လိမ့်​မည် မ​ဟုတ်​လော။

ငါ​သည် အ​မင်္ဂ​လာ​ရှိ၏။ နွေ​ကာ​လ၌ ဆွတ်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့​လည်း​ကောင်း၊ လိုက်၍ ကောက်​သော စ​ပျစ်​သီး အ​ကျန်​အ​ကြွင်း​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်၏။ စား​စ​ရာ​ဖို့ စ​ပျစ်​သီး​ပြွတ် မ​ရှိ။ အ​ဦး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကို ငါ​တောင့်​တ​ရ၏။

ထို​သို့ ကျမ်း​စာ​နှင့်​အ​ညီ၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ကျမ်း​စာ​ချက်​ဟူ​မူ​ကား၊ ကယ်​လွှတ်​သော​သ​ခင်​သည် ဇိ​အုန်​တောင်၌ ပေါ်​ထွန်း၍၊ မ​တ​ရား​သော​အ​မှု​ကို ယာ​ကုပ်​အ​မျိုး​သား​တို့​မှ လွှဲ​တော်​မူ​လ​တ္တံ့၊-

ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ ကြွေး​ကြော်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှ​င့်​အ​မျှ များ​သော်​လည်း၊ ကြွင်း​သော​သူ​တို့​သာ​လျှင် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ သင်​တို့​ကို​တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​စေ၍၊ နှင်​ထုတ်​တော်​မူ​သော သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​သည် နည်း​နည်း​ကျန်​ကြွင်း​ရ​ကြ​လိမ့်​မည်။

ဂိ​ဒေါင်​က​လည်း၊ သင်​တို့​ပြု​သ​ကဲ့​သို့ ငါ​သည် အ​ဘယ်​သို့ ပြု​ပြီး​သ​နည်း။ အ​ဗျေ​ဇာ​စ​ပျစ်​သီး သိမ်း​ခြင်း​ထက် ဧ​ဖ​ရိမ်​လိုက်​ကောက်​ခြင်း​သည် သာ၍​ကောင်း​သည်​မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ