Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 17:5

Judson Bible

လူ​သည် စ​ပါး​ကို​သိမ်း​ယူ၍ အ​သီး​အ​နှံ​များ​ကို လက်​နှင့် ရိတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​ဖိမ်​ချိုင့်၌ အ​သီး​အ​နှံ​တို့​ကို သိမ်း​ရိတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​အ​မှု​ဖြစ်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဖိ​လိ​တ္တိ​လူ​တို့​သည် လာ၍​ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။

တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည်​လာ၍ ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။

မြက်​ပင်​ပေါက်​တတ်၏။ ပျိုး​ပင်​လည်း ထင်​ရှား​တတ်၏။ တောင်​ယာ​အ​သီး​ကို​လည်း သိမ်း​ရ၏။

ထို​ပျိုး​ပင်​တို့​ကို ကြီး​ပွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လျင်​အ​မြန် အ​ပွင့်​ပွင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ပြီး​မှ၊ သိမ်း​ယူ​ရာ​ကာ​လ၌ အ​သီး​အ​နှံ​သည် ပျက်​စီး၍၊ သင်​သည် မ​ပျောက်​နိုင်​သော ဝမ်း​နည်း​ခြင်း​ရှိ​ရ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန် သ​တို့​သ​မီး​သည် စ​ပါး​နယ်​ရ​သော ကောက်​နယ်​တ​လင်း​ကဲ့​သို့ ဖြစ်၏။ စ​ပါး​ရိတ်​ရာ​အ​ချိန်​နီး​ပြီ။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လူ​သေ​ကောင်​တို့​သည် လယ်​ပြင်၌ နောက်​ချေး​ကဲ့​သို့​လည်း​ကောင်း၊ သိမ်း​သူ​မ​ရှိ၊ ရိတ်​သော​သူ​နောက်​မှာ ကျန်​ရစ်​သော​ကောက်​လှိုင်း​ကဲ့​သို့​လည်း​ကောင်း ကျ​နေ​ကြ​လိမ့်​မည်​ဟု ကြား​ပြော​လော့။

ထို​မှ​တစ်​ပါး၊ အို ယု​ဒ​အ​မျိုး၊ သိမ်း​သွား​သော ငါ၏​လူ​တို့​ကို ငါ​ဆောင်​ခဲ့​ပြန်​သော​အ​ခါ၊ စ​ပါး​ရိတ်​ရာ​ကာ​လ​သည် သင့်​အ​ဖို့ ခန့်​ထား​လျက်​ရှိ၏။

ရိတ်​စ​ရာ​စ​ပါး မှည့်​သော​ကြောင့် တံ​စဉ်​ကို လွှတ်​ကြ​လော့။ စ​ပျစ်​သီး နယ်​ရာ​တန်​ဆာ​ပြည့်၍၊ စ​ပျစ်​ရည်​ကျင်း​တို့​သည် လျှံ​သော​ကြောင့် လာ​ကြ။ ဆင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​သည် ကြီး​လှ၏။

စ​ပါး​ရိတ်​သည်​ကာ​လ​တိုင်​အောင် အ​ပင်​နှစ်​မျိုး​တို့​သည် အ​တူ ကြီး​ပွား​ပါ​လေ​စေ။ စ​ပါး​ရိတ်​သည်​ကာ​လ ရောက်​လျှင်၊ တော​ပင်​တို့​ကို ရှေ့​ဦး​စွာ​ရွေး​နုတ်၍ မီး​ရှို့​ခြင်း​ငှာ စည်း​နှောင်​ကြ​လော့။ စ​ပါး​ကို​ကား ကျီ၌​စု​သိမ်း သွင်း​ထား​ကြ​လော့​ဟု ရိတ်​သော​သူ​တို့​အား ငါ​စီ​ရင်​မည်​ဟု အိမ်​ရှင်​ဆို​သည်​ဟု မိန့်​တော်​မူ၏။

ဟိ​န္နုံ​သား၏​ချိုင့်​နား ယေ​ရု​ရှ​လင်​မြို့​တည်ရာ ယေ​ဗု​သိ​အ​ရပ် တောင်​ဘက်​နား​မှာ​လျှောက်၍ ဟိ​န္နုံ​ချိုင့်​အ​နောက်၊ ရေ​ဖိမ်​ချိုင့်​မြောက်​ဘက်၌​ရှိ​သော တောင်​ပေါ်​သို့​တက်​လေ၏။

ဟိ​န္နုံ​သား၏​ချိုင့်​ရှေ့​မှာ၊ ရေ​ဖိမ်​ချိုင့်​မြောက်​ဘက်၌​ရှိ​သော တောင်​ခြေ​ရင်း​သို့​လာ၍ ယေ​ဗု​သိ​မြို့​တောင်​ဘက် ဟိ​န္နုံ​ချိုင့်​သို့​လည်း​ကောင်း၊ အင်္ရော​ဂေ​လ​ရွာ​သို့​လည်း​ကောင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ