ဟေရှာယ 16:9Judson Bibleထိုကြောင့်၊ ယာဇာမြို့အတွက် မျက်ရည်ကျသကဲ့သို့၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည်ကျမည်။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည်။ အကြောင်းမူကား၊ သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။ အခန်းကိုကြည့်ပါ။ |
ငါမူကား၊ လာလတ္တံ့သော ခါလဒဲလူတို့စကားကို နားထောင်ခြင်းငှာ မိဇပါမြို့မှာနေမည်။ သင်တို့မူကား၊ စပျစ်ရည်ကိုလည်းကောင်း၊ နွေကာလအသီးကိုလည်းကောင်း၊ ဆီကိုလည်းကောင်းသိမ်း၍ အိုး၌သိုထားကြလော့။ ယခုဝင်ပြန်သောမြို့ရွာတို့၌ နေကြလော့ဟူ၍၊ ထိုသူတို့အား သစ္စာပြုလေ၏။