Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 16:8

Judson Bible

ဟေ​ရှ​ဘုန်​လယ်​ပြင်​တို့​သည် သွေ့​ခြောက်​ကြ၏။ စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင် အ​ညွန့်​များ​ကို​လည်း တစ်​ပါး​အ​မျိုး​သား​မင်း​တို့​သည် ချိုး​ကြ​ပြီ။ ထို​အ​ညွန့်​တို့​သည် အ​ထက်​က ယာ​ဇာ​မြို့​တိုင်​အောင်​ရောက်၍၊ တော၌​လည်​တတ်​ကြ၏။ အ​လက်​တို့​သည် ရှည်​လျား၍၊ ပင်​လယ်​ကို​လွန်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အို ဂိ​လ​ဗော​တောင်​တို့၊ သင်​တို့​အ​ပေါ်​မှာ နှင်း​မ​ကျ​စေ​နှင့်။ မိုး​မ​ရွာ​စေ​နှင့်။ ပူ​ဇော်​စ​ရာ​အ​သီး​ကို​သီး​သော လယ်​ကွက်​မ​ရှိ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ သူ​ရဲ​ဆောင်​သော ဒိုင်း​တည်း​ဟူ​သော ရှော​လု​ဆောင်​သော​ဒိုင်း​လွှား၊ ဆီ​နှင့်​လိမ်း​ပြီး​သော လက်​နက်​တော်​ကို ရှုတ်​ချ​လေ​ပြီ​တ​ကား။

သို့​သော်​လည်း၊ သူ​သည် အ​ခြား​သော​အ​ကြံ၊ အ​ခြား​သော​အ​လို​ရှိ၏။ သူ​သည်​ဖျက်​ဆီး၍၊ များ​စွာ​သော​လူ​မျိုး​တို့​ကို ပယ်​ရှင်း​ခြင်း​ငှာ အ​လို​ရှိ၏။

ဟေ​ရှ​ဘုန်​မြို့​နှင့် ဧ​လာ​လေ​မြို့​တို့​လည်း ငို​ကြွေး၍၊ ငို​သံ​သည် ယာ​ဟတ်​မြို့​တိုင်​အောင် ကြား​ရ၏။ မော​ဘ​သူ​ရဲ​တို့​သည်​လည်း၊ တုန်​လှုပ်​သော​စိတ်​နှ​လုံး​နှင့် ငို​ကြွေး​ကြ၏။

ထို​ကြောင့်၊ ယာ​ဇာ​မြို့​အ​တွက် မျက်​ရည်​ကျ​သ​ကဲ့​သို့၊ စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင်​အ​တွက် ငါ​သည်​မျက်​ရည်​ကျ​မည်။ အို​ဟေ​ရှ​ဘုန်​မြို့​နှင့် ဧ​လာ​လေ​မြို့၊ ငါ​သည် မျက်​ရည်​ကျ​လျက် သင့်​ကို​ရေ​လောင်း​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​သစ်​သီး​နှင့် စ​ပါး​နှံ​တို့​သည် စစ်​တိုက်​သံ​နှင့် တွေ့​ကြုံ​ကြ​ပြီ။

သစ်​သော​စ​ပျစ်​ရည်​သည် ငြို​ငြင်​လေ၏။ စ​ပျစ်​နွယ်​ပင်​သည်​လည်း အား​လျော့​လေ၏။ စိတ်​ရွှင်​လန်း​သော​သူ​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ၏။

အို စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင်၊ ယာ​ဇာ​မြို့​အ​တွက် မျက်​ရည်​ကျ​သည်​ထက်၊ သင့်​အ​တွက် ငါ​သည် မျက်​ရည်​ကျ​မည်။ သင်၏​အ​ညွန့်​တို့​သည် ပင်​လယ်​ကို​လွန်၍၊ ယာ​ဇာ​ပင်​လယ်​တိုင်​အောင် ရောက်​ကြ၏။ ဖျက်​ဆီး​သော​သူ​သည် သင်၏​သစ်​သီး​နှင့် စ​ပျစ်​သီး​တို့​ကို လု​ယူ၏။

မော​ရှေ​သည်​လည်း၊ ယာ​ဇာ​မြို့​ကို​စူး​စမ်း​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပြီး​လျှင်၊ ထို​မြို့​ရွာ​တို့​ကို​သိမ်း​ယူ၍ အ​ရင်​နေ​သော အာ​မော​ရိ​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ကြ၏။

အ​တ​ရုတ်၊ ဒိ​ဘုန်၊ ယာ​ဇာ၊ နိ​မ​ရ၊ ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ရှေ​ဘံ၊ နေ​ဗော၊ ဗော​န​တည်း​ဟူ​သော၊

အာ​တ​ရုတ်၊ ရှော​ဖန်၊ ယာ​ဇာ၊ ယု​မ္ဘေ​ဟ၊

နေ​ဗော၊ ဗာ​လ​မော​န၊ ရှိ​ဗ​မ​မြို့​များ​ကို အ​သစ်​သော​အ​မည်​ဖြင့်​သ​မုတ်၍ တည်​ကြ၏။

ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​တွင်​တောင်​ပေါ်​မှာ​ရှိ​သော ဇာ​ရက်​ရှာ​ဟာ​မြို့၊

ယာ​ဇာ​မြို့​မှ​စ၍ ဂိ​လဒ်​မြို့​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ၊ ရ​ဗ္ဗာ​မြို့​ရှေ့၌​ရှိ​သော အာ​ရော်​မြို့​တိုင်​အောင် အ​မ္မုန်​ပြည်​တစ်​ဝက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ