Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 16:6

Judson Bible

မော​ဘ၏​မာ​န​ကို ငါ​တို့​သည် ကြား​သိ​ကြ၏။ အ​လွန်​ကြီး​သော​မာ​န​ဖြစ်၏။ ထောင်​လွှား​စော်​ကား​ခြင်း၊ ဒေါ​သ​အ​မျက်​ထွက်​ခြင်း​ရှိ၍၊ အ​ချည်း​နှီး​သက်​သက် ဝါ​ကြွား​သော​စ​ကား​ကို ပြော​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ပြင်း​စွာ​သော ဒေါ​သ​အ​မျက်၌ ကျင်​လည်​သော​သူ​ကို၊ ထောင်​လွှား​စော်​ကား​သော​သူ၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ဟူ၍ သ​မုတ်​အပ်၏။

မော​ဘ​ပြည်​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည်​အာ​ရ​မြို့​သည် ပျက်​စီး၏။ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည် ကိ​ရ​မြို့​သည် ပျက်​စီး၏။

ထို​ကာ​လ၌ လူ​တို့၏​မော်​သော​မျက်​နှာ​ကို နှိမ့်​ရ​မည်။ လူ​တို့၏​မာ​န​ကို​လည်း ရှုတ်​ချ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဤ​တောင်​ပေါ်​မှာ​ငြိမ်း​လိမ့်​မည်။ ကောက်​ရိုး​သည် နောက်​ချေး​ရွှံ့​ဗွက်၌ နှိပ်​နင်း​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊ မော​ဘ​ပြည်​သည် မိ​မိ၌​နှိပ်​နင်း​တော်​မူ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ရေ​ကူး​သော​သူ​သည် ရေ​ကူး​ခြင်း​ငှာ လက်​ကို​ဆန့်​သ​ကဲ့​သို့၊ မော​ဘ​ပြည်​အ​လယ်၌ လက်​တော်​ကို​ဆန့်၍၊ မော​ဘ၏​မာ​န​နှင့် လက်​သ​တ္တိ​ကို ချ​တော်​မူ​လိမ့်​မည်။

သင်​တို့​က၊ ငါ​တို့​သည် သေ​မင်း​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​ပြီ။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ကြ​ပြီ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ ငါ​တို့​ရှိ​ရာ​သို့ မ​ရောက်​ရ။ ငါ​တို့​သည် မု​သား​ကို​ကိုး​စား​ကြ၏။ လှည့်​စား​ခြင်း​အောက်၌ ပုန်း​ကွယ်၍ နေ​ကြ၏​ဟု ဆို​တတ်​သော​ကြောင့်၊

သင်​တို့​သည် သေ​မင်း​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ပျက်​လိမ့်​မည်။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ခြင်း​သည် အ​ထ​မ​မြောက်​ရ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ သင်​တို့​ကို​လည်း ကျော်​နင်း​လိမ့်​မည်။

ငါ​သည် မိ​စ္ဆာ​ဆ​ရာ​တို့၏​ပု​ပ္ပ​နိ​မိတ်​များ​ကို ပယ်​ဖျောက်​တတ်၏။ ဗေ​ဒင်​သ​မား​တို့​ကို ရူး​သွပ်​စေ​တတ်၏။ ပ​ညာ​ရှိ​တို့​ကို​လှန်၍ သူ​တို့၏​ပ​ညာ​ကို မိုက်​စေ​တတ်၏။

ငါ​တို့​သည် အား​ကြီး​သော​သူ၊ စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ ဖြစ်​ကြ၏​ဟု၊ သင်​တို့​သည် အ​ဘယ်​သို့ ပြော​ဆို​ကြ​လိမ့်​မည်​နည်း။

မော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့် သူ့​ကို​ယစ်​မူး​စေ​ကြ​လော့။ သူ​သည် မိ​မိ​အန်​ဖတ်၌ လူး​လည်း၍ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ၏။

မော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့်၊ နောက်​တစ်​ဖန် ပြည်​မ​ဖြစ်​နိုင်​အောင် ပျက်​စီး​ရ​လိမ့်​မည်။

ဓား​ဘေး​သည် မိ​စ္ဆာ​ဆ​ရာ​တို့​အ​ပေါ်​သို့ ရောက်၍၊ သူ​တို့​သည် အ​ရူး​ဖြစ်​ကြ​လိမ့်​မည်။ ဓား​ဘေး​သည် ထို​မြို့​သား စစ်​သူ​ရဲ​တို့​အ​ပေါ်​သို့ ရောက်၍၊ သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​သည် ဧ​ဒုံ​ရှင်​ဘု​ရင်၏​အ​ရိုး​တို့​ကို ထုံး​ဖြစ်​စေ​ခြင်း​ငှာ မီး​နှင့်​ဖုတ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ