ဟေရှာယ 16:4Judson Bibleမောဘပြည်မှနှင်ထုတ်သော သူတို့သည် သင်နှင့်အတူ နေကြစေလော့။ ဖျက်ဆီးသောသူ၏ လက်မှလွတ်စေခြင်းငှာ သူတို့ကိုစောင့်မလော့။ သင့်ကို ညှဉ်းဆဲသောသူမရှိ။ ဖျက်ဆီးသောသူ ပြတ်လေ၏။ နှိပ်နင်းသောသူတို့ကို မြေပေါ်ကပယ်ရှင်းလေပြီ။ အခန်းကိုကြည့်ပါ။ |
သင့်ကို ညှဉ်းဆဲသောသူတို့ကို သူတို့၏အသားနှင့် ငါကျွေးမည်။ ချိုသောစပျစ်ရည်ကို သောက်သကဲ့သို့၊ သူတို့သည် မိမိအသွေးကိုဝစွာ သောက်ရကြမည်။ သို့ဖြစ်၍၊ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သောအရှင်၊ သင့်ကို ရွေးနုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားဖြစ်ကြောင်းကို လူအပေါင်းတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
မိုးကောင်းကင်ကို ကြက်တော်မူထသော၊ မြေကြီးကိုလည်း တည်တော်မူထသော၊ သင့်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားကို သင်သည် မေ့လျော့၍၊ ညှဉ်းဆဲသောသူသည် ငါ့ကိုဖျက်ဆီးလုပြီဟု စိတ်ထင်နှင့်၊ သူ၏ဒေါသအမျက်ကို အစဉ်ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲသောသူ၏ ဒေါသအမျက်သည် အဘယ်မှာရှိသနည်း။
အို ဒါဝိဒ်မင်းကြီးအမျိုး၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ မဆိုင်းမလင့်၊ တရားသဖြင့် စီရင်ကြလော့။ လုယူခြင်းခံရသောသူကို ညှဉ်းဆဲသောသူ၏လက်မှ ကယ်နုတ်ကြလော့။ သို့မဟုတ်၊ သင်တို့ပြုသောဒုစရိုက်အပြစ်ကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ဖြစ်၍၊ အဘယ်သူမျှမသတ်နိုင်အောင် လောင်လိမ့်မည်။